
ရာသီမပေါ်တာ ဘာကြောင့်လဲ?
ရာသီသွေးမပေါ်ပါက (ကိုယ်တိုင်လည်း မျိုးစပ်ယှက်မှု ရှိထားခဲ့ပါက) သန္ဓေအောင်ခြင်း သို့မဟုတ် ပုံမှန်အခြေအနေမဟုတ်သော အခြား အကြောင်းတစ်ခုခုကြောင့်ဟု မှတ်ယူနိုင်သည်။
အရွယ်ရောက်သော မိန်းကလေးများ (အမျိုးသားနှင့် ဆက်ယှက်မှု ရှိခဲ့သော မိန်းကလေးများ) အနေဖြင့် ရာသီမပေါ်တိုင်း ကိုယ်ဝန်ရှိသည်ဟု တထစ်ချ မှတ်ယူ၍လည်းမရပေ။ အဘယ်ကြောင့်ဆိုသော် နေထိုင်မှုပတ်ဝန်းကျင် အပြောင်းအလဲသော်လည်းကောင်း ၊ စိတ်ဖိစီးမှု ရှိနေလျှင်သော်လည်းကောင်း ရာသီသွေး တစ်လ ၊ နှစ်လခန့် ရပ်ဆိုင်းတတ်ကြသည်။
တခါတလေ စိတ်က ကိုယ်ဝန်ရချင်လွန်း အားကြီးသောကြောင့် ကိုယ်ဝန်မရှိဘဲ တစ်လ ၊ နှစ်လ ရာသီသွေးမပေါ်ဘဲလည်း ဖြစ်နေနိုင်သည်။