မမျိုးဥမကြွေမီ ဘာတွေဖြစ်တတ်သလဲ?

0

မမျိုးဥမကြွေမီ၌ မဟိုမုန်း(Estrogen) များ၍ သားအိမ်အတွင်းမြှေးမှာ ထူလာရုံမက အာဟာရဓါတ်များဖြင့်လည်း ပြည့်ဝလာသည်ဟု လေ့လာတွေ့ရှိချက်များက ဆိုသည်။

ထိုကဲ့သို့ ဖြစ်လာခြင်းမှာ သန္ဓေသား တွယ်ကပ်ကြီးထွားနိုင်ရန် ဖြစ်လာခြင်း တနည်းအားဖြင့် မဖြစ်လာသေးသော/ ဖြစ်လာလတံ့သော သန္ဓေသားအတွက် ကြိုတင် ပြင်ဆင်ပေးထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မမျိုးဥကြွေပြီး ရက်သတ္တ တပတ်ကျော်၌ သားအိမ်အတွင်းမြှေးသည် အထူဆုံးဟု သိရသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ ဥကြွေပြီးသော နေရာမှ သန္ဓေတည်ဟိုမုန်းဓါတ် (Progesterone) ထွက်သောကြောင့်ဟု သိရသည်။

You might also like
Leave a comment