ဘာကြောင့် အမျိုးသမီးတွေကို ဖက်အဖြစ် တင်စားကြသလဲ?

0

၁။ မလိုချင်တဲ့ရင်သွေးကို ဖျက်ချမယ်ဆိုရင် အမျိုးသမီးကပဲ ဖျက်ချရတာပါ။ လွယ်မွေးရမယ်ဆိုလည်း အမျိုးသမီးက လွယ်မွေးရတာပါ။

၂။ တားဆေးတွေကို အမျိုးသမီးတွေကပဲ သုံးကြရတယ်။ အဲဒီတားဆေးအထွေထွေရဲ့ Side Effect တွေကိုလည်း အမျိုးသမီးတွေပဲ ခံကြရတယ်။

၃။ မွေးလာတဲ့သားသမီးတွေကို နို့ချိုတိုက်ကျွေး ၊ ပြုစုထိန်းသိမ်းသွားဖို့ဆိုတာလည်း  အမျိုးသမီးတွေဖြစ်တဲ့ မိခင်တွေက အဓိကကျတဲ့နေရာမှာ ရှိနေတယ်။

၎။ တားဆေးနဲ့မတည့်လို့ အသားအရေ မွဲခြောက်ပြီး ပိန်လာတာ ၊ အဆီတိုးပြီး ဝလာတာ ၊ တခြား ကျန်းမာရေးချို့ယွင်းလာတာတွေကိုလည်း အမျိုးသမီးတွေပဲ ခံစားကြရတယ်။

၅။ ဒါတွေမသုံးခင်ကလို လှတပတလေးမဟုတ်တော့လို့ ကိုယ့်လက်တွဲဖော်က ပစ်သွားတာ ၊ ဖောက်ပြန်တာတွေကိုလည်း အမျိုးသမီးတွေကပဲ ခံကြရတယ်။

ဒါတွေကိုခံစားရလို့ အမျိုးသားတွေကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝပေပဲမို့ သဘာဝဟာ သဘာဝပါ။

You might also like
Leave a comment