
ဘာကြောင့် ကိုယ်ဝန်ရသလဲ?
ကိုယ်ဝန်ရရှိခြင်းဟူသည် ဖိုမျိုးဥနှင့် မမျိုးဥ နှစ်ခုအောင်ပြီးမှ ပဋိသန္ဓေတည်ခြင်း ဖြစ်ပေရာ အမျိုးသားရော ၊ အမျိုးသမီးရော ကျန်းမာသန်စွမ်းပြီး ကလေးရနိုင်ကြသူများဖြစ်လျက် ကလေးမရနိုင်သေးပါက ကလေးရနိုင်မည့် နည်းလမ်းများ ၊ အချိန်များအား ကြိုးစားရပေမည်။
ဖိုမျိုးဥသည် အမျိုးသား၏ သုတ်နှင့်ပါသွားပေရာ အမျိုးသမီး၏ မမျိုးဥနှင့် ပေါင်းစပ်ပါမှ သန္ဓေအောင်ပြီး ကိုယ်ဝန်ရရှိခြင်းဖြစ်သည်။