
ဘယ်အချိန်မှာ ကလေးယူဖို့ အသင့်တော်ဆုံးလဲ?
ကလေး၏ တာဝန်ယူနိုင်မှ မွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကလေးတာဝန်ဟု ဆိုရာဝယ် ကလေးကျန်းမာရေး ၊ ပညာရေး ၊ အဝတ်အစား ၊ ကစားစရာမှအစ ကလေးစိတ်ပျော်ရွှင်မှုအထိ အဖက်ဖက်မှ ပါဝင်သည်။ မိဘအနေနဲ့ ဒါတွေဖြည့်ဆည်းဖို့ စိတ်ရော ၊ လူရော အဆင်သင့် ပြင်ဆင်ပြီးပါမှ ကလေးယူသင့်သည်။စိတ်အားဖြင့် ပြင်ဆင်ထားရမည်ဆိုသည်မှာ ကိုယ်ဝန်ရလာသည်နှင့် အထူးသဖြင့် မိခင်ဖြစ်သူမှာ အစားအသောက် ၊ အနေအထိုင် စသဖြင့် ယခင်ကလို လွတ်လပ်မှုမျိုး မရှိတော့ပေ ။
ဖခင်တစ်ဦးအနေဖြင့် အရေးအကြီးဆုံးအရာမှာ အိမ်ထောင်တစ်ခုလုံးစာအတွက် နေထိုင်စားသောက်ရေး နှင့် ကျန်းမာရေး အစရှိသည်တို့အတွက် ငွေကို ပြည့်စုံအောင် ရှာပေးနိုင်ဖို့ကလည်း အရေးကြီးပေသည်။
ငွေကြေး နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အစရှိသည်တို့ကို ကလေးအတွက် ပြင်ဆင်ပြီး၍ အစစ အဆင်သင့်ရှိပြီဆိုပါက ကလေးယူနိုင်သည်။