
ကိုယ်ဝန် ရက်သတ္တပတ်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ဘယ်လိုလဲ?
သန္ဓေသားရဲ့ ဦးနှောက်ကတော့ ဖွံ့ဖြိုးဆဲ ဖွံ့ဖြိုးလျက်ပါပဲ။ ခံစားမှုနှင့် အတွေးအခေါ်ကို ထိန်းချုပ်သော ဦးနှောက်ရဲ့ အရှေ့ပိုင်းဟာ စတင်ပုံပေါ်လာပါပြီ။ လူတစ်ယောက်ရဲ့ ရပ်တည်ချက် ၊ သဘောထား ၊ စိတ်တည်ငြိမ်မှု ၊ ညှိနှိုင်းဆောင်ရွက်မှု ၊ ပြောဆိုပုံ ၊ ဟန်ချက်ညီညီပြုလုပ်နိုင်အောင် ထိန်းချုပ်ပေးပြီး အာရုံခံမှုစနစ်ကို ရယူပေးတဲ့ ဦးနှောက်အနောက်ပိုင်းကလည်း စတင်ပုံပေါ်လာပါပြီ။