
ဘာကြောင့် ကိုယ်အလေးချိန် မပြည့်တဲ့ကလေးတွေ မွေးဖွားမလာရသလဲ?
ယေဘူယျအားဖြင့်တော့ အာဟာရပြည့်ပြည့်ဝဝစားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာခဲ့တဲ့ ရင်သွေးငယ်တွေဟာ အလေးချိန်ပြည့်ပြည့်ဝဝနဲ့ မွေးဖွားလာတတ်ကြပြီး မိခင်က အာဟာရပြည့်ဝစွာ မစားခဲ့တာပဲဖြစ်ဖြစ် ၊ ဟိုရှောင်ဒီရှောင်နဲ့ အာဟာရပြည့်ဝစွာ မစားခဲ့ရတာပဲဖြစ်ဖြစ် ဒီလိုကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာတဲ့ကလေးတွေကတော့ ကိုယ်အလေးချိန် ပြည့်ပြည့်ဝဝ မွေးဖွားမလာခဲ့ပါဘူး။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိမိဗိုက်ထဲက ကလေးကို အာဟာရပြည့်ပြည့်ဝဝရစေချင်တယ်ဆို ကိုယ်တိုင်က အာဟာရ ပြည့်ပြည့်ဝဝ စားသောက်ရမှာဖြစ်ပါတယ်။