(၁)နှစ်ကနေ (၃)နှစ်အရွယ်ကလေးငယ်တွေဟာ ဘာကြောင့် နည်းမှန်လမ်းမှန် ဆုံးမပြောဆိုပြီ နားလည်မှုပေးသင့်သလဲ?

0

မွေးကင်းစကနေ သုံးနှစ်အရွယ်ထိ ကလေးတွေဟာ ဘဝမှာ အရေးအကြီးဆုံးဆိုတဲ့ သင်ခန်းစာကို သင်ယူကြတာပါ။ အဲဒီအချိန်မှာ သူတို့ကိုပေးသမျှအရာတွေ ၊ သင်ပေးတာတွေ ၊ နားလည်တာတွေနဲ့ သူတို့သင်ယူခဲ့တာတွေကို သူတို့တသက်စာ အသုံးချသွားမှာဖြစ်ပါတယ်။ အုတ်မြစ်ချပြီးတဲ့ အဆောက်အအုံမကောင်းရင် ပြန်ဖြိုချပြီး အုတ်မြစ်ပြန်ချ တည်ဆောက်နိုင်ပေမယ့် လူ့ဘဝတသက်တာမှာတော့ မွေးကင်းစအရွယ်ကို ပြန်မရောက်နိုင်တော့တာမို့ သူသင်ယူခဲ့ပြီးတဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ ၊ မှားယွင်းတဲ့ သင်ကြားခဲ့မှုတွေအတွက် ပြန်ချေဖျက်ပေးဖို့ မရှိနိုင်တော့ပါဘူး။

You might also like
Leave a comment