မိမိသုံးစွဲ သောက်သုံးနေသော ဆေးဝါးများ ဆက်သုံးသင့်သလား?

0

နဂိုမူလကတည်းက မိမိ၏ ကျန်းမာရေးအခြေအနေကြောင့် ဆေးဝါးများ ပုံမှန်သုံးစွဲနေရပါက

မိမိသုံးစွဲနေရသော ဆေးဝါးများသည် ပြင်းထန်သည့်ဆေးဝါးများ (ကိုယ်ဝန်ဆောင်သည် သောက်သုံးဖို့ မသင့်သည့် ဆေးဝါးများ) ဖြစ်နေပါက မိမိ၏သန္ဓေသားအား ထိခိုက်တတ်သည်။

ကိုယ်ဝန်ရှိနေစဉ် မည်သည့်သောက်ဆေး ၊ ထိုးဆေး အမျိုးအစားပဲသုံးသုံး ဆရာဝန်အား မေးမြန်းတိုင်ပင်ပြီးမှ အသုံးပြုသင့်သည်။ မည်သည့်ဆေးဝါးမဆိုဟု ဆိုရာတွင် ဝမ်းနှုတ်ဆေး ၊ ချောင်းဆိုးပျောက်ဆေးမှသည် နာတာရှည် ရောဂါသည်သုံး ဆေးဝါးအထိ ပါဝင်သည်။ ထိုဆေးအမျိုးအစားများတွင် တိုင်းရင်းဆေး ၊ အင်္ဂလိပ်ဆေး စသည့် ဘယ်ဆေးအမျိုးအစားမဆို ပါဝင်သည်။

You might also like
Leave a comment