ဇူဇူးစံ – သိမ်မွေ့၍ အားအကြီးဆုံးအရာ
တို့ထိမရသေးဘူး
တွေးမိရုံနဲ့ ကြည်နူးတယ်
မြင်ခွင့်မရှိသေးဘူး
ပုံဖော်ရုံနဲ့ ရင်ခုန်တယ်
ကြားခွင့်မရသေးဘူး
ခံစားမှုနဲ့ သိရတယ်
အသက်အန္တရာယ်လဲ လက်တကမ်းမယ်
တနေ့ထက်တနေ့ တာဝန်ပိုရှိတယ်
အနာဂါတ်အတွက်ပြင်ဆင်လို့
ရေရာမှုလည်းမရှိပါဘူး
စိတ်ဓါတ်တွေချိုးနှိမ်ထားရ
ပညတ်ချက်တွေကများတယ်
တနေ့ တရက်မဟုတ်
လစဉ်ရက်ဆယ်ဝန်လွယ်ထားရတယ်
စိန်ခေါ်မှုတွေအပြည့်ရှိလဲ
ရင်ခုန်ရင်းပျော်တယ်
စိုးတထိတ်ထိတ်နဲ့ရယ်
မိခင်လောင်းဘဝဝယ် ။
ဇူဇူးစံ
ဇူဇူးစံ – ဘဝအရောင်
မလက်တလက်ကြယ်စုတွေကို ငေးမောနေမယ့်အစား
ဖိတ်ဖိတ်လက်တဲ့ ဓူဝံကြယ်ကို အားကျတယ်။
မှိတ်တုတ်မှိတ်တုတ်မီးရောင်ငယ်တွေ လှကောင်းလှပါရဲ့
(သို့ပေမယ့်)
မီးစာကုန်တဲ့အထိလင်းဖြာဆဲဖယောင်းငယ်ကို လေးစားတယ်။
ဟိုကပ်ဒီကပ် (မစားရဝခမန်း)
ပါးတပြောင်ပြောင် ရှိနေသူတွေအကြား
ထောင့်ကွယ်တနေရာက အမှိုက်ကယ်နေတာပဲသဘောကျတယ်။
သူ့အစွမ်းသူ့အစ ချီးမွမ်းရန်ဖြစ်ရင်း
ကိုယ်စွမ်းကိုယ်စ မသိ-မရှိတော့ရင်ဖြင့်
သမိုင်းတခေတ်ဝယ် တို့နာမည်ကွယ်လိမ့်မယ် (သတိထား)
လူတိုင်းလဲအစွမ်းရှိတယ်
အရည်အချင်းတွေ ထွန်းညှိစို့လေး ……..။
ဇူဇူစံ
ခြေလက်မရှိသူတစ်ဦး၏ (၁၂)မိုင် ရေကူးသွားတဲ့ခရီး
Photo – Fox Crawl
အသက်(၄၃)နှစ်အရွယ် Philippe Croizon ဟုခေါ်သည့် ပြင်သစ်လူမျိုးတစ်ဦးဟာ ရေကူးဖို့ ခြေဆံလက်ဆံတွေ ရှိမနေပေမယ့် ကီလိုမီတာ(၂၀)အကွာအဝေးရှိတဲ့ ခရီးကို ရေကူးပြခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ New Guinea ကျွန်းကနေ အင်ဒိုနီးရှားက Papua New Guinea ကျွန်းကို ရေကူးပြခဲ့တာပါ။ ထိုသို့ ရေကူး၍ကြာချိန်ဟာ အချိန်တစ်နာရီခွဲရှိကြောင်းလည်း သိရသည်။
Philippe Croizon ဟာ မတော်တဆမှုတစ်ခု၌ ၎င်း၏ လက်များကို တံတောင်ဆစ်အပေါ်မှလည်းကောင်း ၊ ခြေကို ဒူးအောက်ပိုင်းလောက်မှလည်းကောင်း ဆုံးရှုံးခဲ့တာဖြစ်ကြောင်း သိရသည်။
Philippe Croizon နှင့်အတူ ၎င်းရေကူးတာကို Documentary ဗွီဒီယိုရိုက်ကူးတဲ့သူနှင့် အဖော်နှစ်ဦး အတူတကွ လိုက်ပါကူးခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့ကူးချိန်တွင် လေဆန်ဖြစ်နေတဲ့အတွက် ကူးရခက်ခဲခဲ့ပေမယ့် jellyfish တို့ ငါးမန်းတို့ အန္တရာယ်မျိုးတော့ မကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။
ထိုကဲ့သို့ စွန်စွန့်စားစား ရေကူးဖို့ အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရန် အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များ၏ ခွင့်ပြုမိန့်ကို စောင့်ခဲ့ရသည့်အတွက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှ ခွင့်ပြုမိန့်ကျလာခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
Source : Gulf News
ပုံရိပ်(burmesehearts.com)
အသက်(၂၇)နှစ်အရွယ် အမျိုးသမီး ဆွဲကြိုးချသေ
ယူအေအီးနိုင်ငံ Al Ain မြို့တွင် အသက်(၂၀)နှစ်အရွယ် မောင်ငယ်နှင့် အသက်(၆)နှစ်အရွယ် သမီးတို့နဲ့ အတူတကွနေထိုင်တဲ့ အသက်(၂၇)နှစ်အရွယ် အိန္ဒိယနိုင်ငံသား အမျိုးသမီးတစ်ဦးဟာ အင်္ဂါနေ့က နေအိမ် ရေချိုးခန်းအတွင်း၌ ဆွဲကြိုးချ၍ သေကြောင်း ကြံစည်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ (၅)နှစ်လောက်ကတည်းက ယူအေအီးနိုင်ငံသို့ ရောက်ရှိနေကာ ကုမ္ပဏီတစ်ခု၏ ဧည့်ကြိုအမျိုးသမီးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော သူမ၏ ယင်းကဲ့သို့ ဆွဲကြိုးချ အဆုံးစီရင်မှု အကြောင်းရင်းမှန်ကိုတော့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ Kottayam မှ ယူအေအီးနိုင်ငံသို့ အလုပ်လုပ်ကိုင် အခြေချနေသော သူမ၏ အမျိုးသားဟာ အိန္ဒိယနိုင်ငံတွင် ရှိနေကြောင်းလည်း သိရသည်။
သူမက ဆွဲကြိုးမချမီ သူမ၏မောင်ငယ်နှင့် သမီးငယ်ကို စတိုးဆိုင်သို့ ဈေးသွားဝယ်ခိုင်းခဲ့တာဖြစ်ပြီး ၎င်းတို့ပြန်လာချိန် အိမ်တံခါးဖွင့်လို့မရတဲ့အတွက် ရဲများ၏ အကူအညီဖြင့် သော့ဖျက်အိမ်ထဲဝင်မှ ရေချိုးခန်းထဲ ဆွဲကြိုးချသေဆုံးနေခဲ့သည့် သူမကို တွေ့ရှိခဲ့ကြတာဖြစ်ကြောင်း သိရသည်။
သူမ၏ (၆)နှစ်အရွယ် သမီးကလေးကတော့ မိခင်ကို နေမကောင်းလို့ ဆေးရုံတင်ထားရတယ်ဟု သိထားကာ သေဆုံးသွားတာတော့ အသိမပေးထားသေးကြောင်း သိရသည်။
Source : Gulf News
ပုံရိပ်(burmesehearts.com)
မူးယစ်ဆေးဝါးပြတိုက်အတွင်းက လုံခြုံရေးတဲနှစ်လုံး မီးလောင်ခဲ့
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၌ တည်ရှိသော မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြတိုက် ပရဝုဏ်အတွင်းရှိ လုံခြုံရေးတဲနှစ်တဲဟာ မေလ(၁၆)ရက်နေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးဖိုအသုံးပြုရာမှ အပူလွန်ကဲပြီး ညနေ(၅)နာရီခန့်တွင် မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ်ကားတွေ အချိန်မှရောက်လာခဲ့တဲ့အတွက် ညနေ(၅)နာရီ (၁၃)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Source : MRTV4
ပုံရိပ်(burmesehearts.com)
အမျိုးသမီးသီးသန့်ယာဉ်များတွင် I Pay ကဒ် စသုံးစွဲခဲ့
မေလ(၁၅)ရက်နေ့မှ စတင်ကာ အဓိပတိအနီရောင် ယာဉ်လိုင်းဖြစ်တဲ့ အမျိုးသမီးသီးသန့်ယာဉ်များတွင် I Pay ကဒ် စတင်စမ်းသပ် သုံးစွဲခဲ့ကြောင်း သိရသည်။
အဓိပတိအနီရောင်ယာဉ်လိုင်းမှ မော်တော်ယာဉ်(၅)စီးကို I Pay ကဒ် သုံးစွဲနိုင်ဖို့ စတင်စမ်းသပ်ခဲ့တာဖြစ်ကြောင်း သိရသည်။
Source : MRTV4
ပုံရိပ်(burmesehearts.com)
IT နဲ့ mobile Fair ပြုလုပ်ကျင်းပမည်
ရန်ကုန်မြို့တွင် မေလ(၂၅)ရက်မှ (၂၇)ရက်အတွင် IT & mobile Fair ကို UMFCCI မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။
မိုဘိုင်းဖုန်းတွေကို အဓိကထားပြသသွားမှာဖြစ်ပြီး ဖုန်းဆင်းမ်ကဒ်များကိုပါ ရောင်းချသွားဖို့ရှိတယ်လို့ သိရပါတယ်။ ပြပွဲလာသူများ အင်တာနက်အသုံးပြုနိုင်အောင် Wifi အခမဲ့ ဖွင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
လာရောက်ကြည့်ရှုလေ့လာသူများအား ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်များလည်း ထည့်သွင်းထားသည်ဟု သိရသည်။
Source : MRTV4
ပုံရိပ်(burmesehearts.com)
လမ်းမကြီးသုံးခုတွင် ပန်းခုံ ၅၆ ခု ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဆောင်ရွက်လျက်ရှိ
ပြည်လမ်းမကြီး၊ ကျိုက်ဝိုင်း ဘုရားလမ်းနှင့် အင်းစိန်လမ်းမတလျောက်တို့၌ ပန်းခုံများပြုလုပ်ခြင်းနှင့် စက္ကူပန်းနှင့် ရွက်လှပန်းများ စိုက်ပျိုးခြင်းဖြင့် ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနက ဦးစီး၍ ပန်းခုံ ၅၆ ခု ပြင်ဆင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွင်း လျာထားချက် အပေါ် မူတည်၍ ပန်းခုံအသစ်ပြုလုပ် ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ် ပြီး ဘဏ္ဍာငွေ ရရှိသည့် အတိုင်းအတာ အရလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာနမှူး ဦးတင်ဖေက ပြောဆိုခဲ့သည်ဟု သိရသည်။
Source : Myanmartimes
ပုံရိပ်(burmesehearts.com)






