Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပျိုမေတို့ကို နှိပ်စက်ညှဉ်းပန်းတတ်သူတို့ရဲ့ အလေ့အကျင့် – BurmeseHearts

ပျိုမေတို့ကို နှိပ်စက်ညှဉ်းပန်းတတ်သူတို့ရဲ့ အလေ့အကျင့်

0

စိတ်ဖြင့် ညှဉ်းပန်းခြင်း ၊ ကိုယ်ဖြင့် ညှဉ်းပန်းခြင်း
စိတ်ဖြင့် ညှဉ်းပန်းခြင်း ၊ ကိုယ်ဖြင့် ညှဉ်းပန်းခြင်း

အကြမ်းဖက်မှုတဖြစ်လဲ မတရား နှိပ်စက်ညှဉ်းပန်းခြင်းခံနေရပြီလို့ ယူဆလို့ရတဲ့ အချက်များမှာ

  • မိန်းကလေးဟာ ရည်းစားဖြစ်သူနဲ့ ချိန်းသွားဖို့ ကြောက်တဲ့အထိ ခံစားရနေပြီဆိုရင်
  • မိန်းကလေးဟာ ရည်းစားဖြစ်သူ စိတ်တို၊ စိတ်ဆိုးလာချိန်မှာ သူဘာပြောပြော သဘောတူမှဖြစ်တဲ့ အခြေအနေမျိုး ရောက်နေပြီဆိုရင်
  • မိန်းကလေးဟာ ရည်းစားဖြစ်သူ ချန်ထွက်သွားမှာ ကြောက်နေရင် (ဒါမှမဟုတ်လဲ) သူမ ချန်ထွက်သွားလို့ သူ့ကိုယ်သူ တစ်ခုခု နာကျင်ထိခိုက်အောင် လုပ်သွားမှာကို ကြောက်နေရင်
  • မိန်းကလေးဖြစ်သူရဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ သူ့ကြောင့် နာကျင်ရတယ်ဆိုရင်
  • မိန်းကလေးဖြစ်သူရဲ့ အတွေး၊ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ကန့်သတ်ထားရင်၊ သဝန်တိုမှုတွေကို ပြနေရင်
  • မိန်းကလေးရဲ့ စိတ်ဆန္ဒမပါဘဲ အတူနေ(လိင်ဆက်ဆံ)ရတယ်ဆိုရင်
  • မိန်းကလေးဖြစ်သူကို သူက ဆဲရေးခဲ့မယ်၊ စောက်ကားခဲ့မယ်ဆိုရင်

ဒါတွေဟာ  မိမိ၏သမီးရည်းစား (သို့မဟုတ်) တစိမ်း ယောက်ျားလေးက မိမိကို အကြမ်းဖက်တယ် (သို့မဟုတ်လဲ) မတရားနှိပ်စက် ညှဉ်းပန်းတယ်လို့ ခေါ်လို့ရတဲ့ အချက်တွေပါ။

 

မတရား နှိပ်စက်ညှဉ်းပန်းတတ်သော အမျိုးသားများ၏ လက္ခဏာများမှာ

  • သည်းလွန်းတယ်လို့ ဆိုလို့ရသော (သို့မဟုတ်) အစွဲအလမ်းကြီးပြီး သဝန်တိုတတ်သော အပြုအမူများရှိသူ
  • ပေါက်လွဲတတ်သော စိတ်ဒေါသရှိသူ
  • စော်ကားတဲ့စကားတွေ ပြောတတ်သူ၊ ဗြောင်တဲ့တိုး တုံးတိတိနဲ့ ခံရခက်အောင် ပြောသူ
  • ကိုယ်ချင်းစာနာစိတ်နည်းသူ
  • အကြမ်းဖက်ခဲ့ဖူးတယ်လို့ ဇတ်ကြောင်းလဲရှိခဲ့သူ

ဒီ အပြုအမူ လက္ခဏာရှိတဲ့ ယောက်ျားလေးတွေဟာ မတရားနှိပ်စက် ညှဉ်းပန်းတတ်သူတွေလို့ ဆိုနိုင်ပါတယ်။

ဒီလို အပြုအမူလက္ခဏာတွေကို သမီးရည်းစားစုံတွဲတွေမှာ တွေ့မြင်နေရသော်လည်း လက်ထပ်တဲ့အခါ ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်နေကြကြောင်းလဲ သိရပါတယ်။

ဒါပေမယ့် ဒီလို နှိပ်စက်ညှဉ်းပန်းမှုတွေဟာ လက်ထပ်ပြီးတဲ့အခါမှာလည်း ပြောင်းလဲသွားတာ မတွေ့ရတတ်ဘူးလို့လဲ သိရပါတယ်။

တချို့တွေဟာဆိုရင် ဒီလိုနှိပ်စက်ညှဉ်းပန်းတာထက် လွန်ကဲတဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်လာကြတာကိုလဲ တွေ့မြင်ရပါတယ်။

စင်္ကာပူနိုင်ငံက စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Mrs Seah Kheng Yeow ရေးသားထားခဲ့တဲ့ “ပျိုမေတို့ကို နှိပ်စက်ညှဉ်းပန်းတတ်သူတို့ရဲ့ အလေ့အကျင့်”ကို ဘာသာပြန်ဆိုပေးထားတာ ဖြစ်ပါတယ်။

ပုံရိပ် (Burmesehearts.com)

You might also like