Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန် ရက်သတ္တပတ် (၂၄)ပတ်မှ (၂၇)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန် ရက်သတ္တပတ် (၂၄)ပတ်မှ (၂၇)ပတ်အတွင်း

0

7 mon

ကိုယ်ဝန် ရက်သတ္တပတ် (၂၄)ပတ်မှ (၂၇)ပတ်အတွင်း မှာတော့ ဟော်မုန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး ဗိုက်ကလည်း ပူသထက် ပူလာပြီပေါ့။

ထိုကာလအတွင်းမှာ နောက်ကျောအောက်ပိုင်းနဲ့ အလယ်ပိုင်းတွေ နာကျင်တတ်ပါတယ်။

ကလေးကာ ပိုသန်သန်မာမာ ခပ်ကြမ်းကြမ်းလေး လှုပ်ရှားလာနိုင်ပြီး ခဏ ၊ ခဏဆိုသလို လှုပ်တတ်ပါတယ်။ တနေကုန်နေလို့မှ လုံးဝမလှုပ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်ရယူပါ။

ကိုယ်အိပ်နေချိန် အထူးသဖြင့် ညပိုင်းတွေမှာ ဗိုက်ထဲက ကလေးလည်း အိပ်ပျော်နေတတ်ပါတယ်။ ကိုယ်အိပ်ပေမယ့် သူနိုးပြီး လှုပ်ရှားလို့ ကိုယ်လန့်နိုးရတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မနက်ပိုင်း ၊ နေ့လည်ပိုင်းတွေမှာတော့ ဗိုက်ထဲက ကလေးလည်းနိုး ၊ ကိုယ်လည်းနိုးဖြစ်ပြီး သူလည်းလှုပ်လှုပ်ရှားရှား ၊ ကိုယ်လည်း လှုပ်လှုပ်ရှားရှားပေါ့။ ဒီနေရာမှာ အလုပ်လုပ်နေတဲ့ မိခင်တွေကတော့ အလုပ်ဇောကြောင့် ၊ အလုပ်မအားလပ်တာကြောင့် ဗိုက်ထဲက ကလေးကို အာရုံမထားမိဘဲ သူ့လှုပ်ရှားမှု သတိမထားမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တော့ ကလေးဟာ ဒီကာလအတွင်းမှာ သန်သန်မာမာလှုပ်ရှားနိုင်ပြီဖြစ်တဲ့အတွက် ဗိုက်ထဲမှာ(ရေမြွှာအတွင်းမှာ) သူ့ဘာသာသူ လှုပ်ရှားနေထိုင်တတ်ပါတယ်။ ဒါကို ကလေးမလှုပ်ဘူးလို့ သံသယရှိရင်ဖြင့် ကလေးအိပ်ပျော်နေချိန်လည်း ဖြစ်ကောင်း ၊ ဖြစ်နိုင်ပါတယ်။ ကလေးမလှုပ်ဘူးလို့ သံသယရှိရင် ရေအေးအေးလေး သောက်ပြီး သူ့လှုပ်ရှားမှု စောင့်ကြည့်ပါ။ ရော့ခ်လို သီချင်းခပ်ကျယ်ကျယ်ဖွင့်ပြီး သီချင်းနားထောင်ကြည့်ပါ။ ဟာသကားတွေကြည့်ပြီး ရယ်မောကြည့်ပါ။ အဲဒါတွေလုပ်ပြီးလို့မှ ဗိုက်ထဲက ကလေးဟာ လှုပ်ရှားမှုမရှိဘူး။ ဘာမှ မထူးခြားလာဘူးဆိုရင်ဖြင့် ကိုယ်အပ်ထားတဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စမ်းသပ်အကြံဥာဏ်ယူပါလို့ သတိပေးပါရစေ။

ရက်သတ္တပတ်(၂၆)ပတ်ရောက်လာတဲ့ သန္ဓေသားဟာ (၃၅)စင်တီမီတာအရွယ်အစားဝန်းကျင်ရှိပြီး အလေးချိန် (၈၀၀)ဂရမ်လောက် ရှိနေပါပြီ။ သန္ဓေသားရဲ့ မျက်လုံးနဲ့နားတွေဟာ သူ့အလုပ်ကို သူစတင်လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ကလေးဟာ မီးအလင်းရောင်နဲ့ အသံတွေကို လှုပ်ရှားမှုနဲ့ တုန့်ပြန်တတ် ၊ သိနားလည်တတ်လာပါပြီ။

ဗိုက်ထဲကသန္ဓေသားဟာ သူ့အနေအထားကို သူ့ဘာသာ ပြောင်းလဲနေထိုင်တတ်လာပါတယ်။ သူ့လက်တွေကို ကွေးလိုက် ၊ဆန့်ကားလိုက်တာမျိုးတွေကိုလည်း လုပ်လာနိုင်ပါပြီ။

ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတိုင်းဟာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရည်ခြောက်တတ်ပါတယ်။ ဒါကြောင့်ရေများများသောက်ပြီး အသားအရည်စိုပြေစေမယ့် Moisture ခရင်မ်တွေ ၊ Lotion တွေကို မျက်နှာနဲ့ အရည်ပြားတွေမှာ လိမ်းပေးခြင်းဖြင့် အသားအရည် ခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။

ရတု (Burmesehearts.com)

You might also like