Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိန်းကလေးများ၏ ဓမ္မတာ သဘာဝ – BurmeseHearts

မိန်းကလေးများ၏ ဓမ္မတာ သဘာဝ

0

မိန်းမသားဘဝ

အရွယ်ရောက်သော အမျိုးသမီးဖြစ်သည်နှင့် ဓမ္မတာ ရာသီပေါ်လာသည်။ ရာသီပေါ်ခြင်းဆိုသည်မှာ မိန်းမကိုယ်မှ တစ်လတစ်ခါ ရာသီသွေးဆင်းခြင်းကို ဆိုလိုသည်။

အများအားဖြင့် ရာသီလာသည်ကို အညစ်အကြေးဆင်းခြင်းဟု ယူဆ၍ ရာသီသွေးပေါ်ခြင်းကို အမျိုးသမီးအများစုက စက်ဆုပ်ကြသည်။ ခေတ်နောက်ပြန် အယူအချို့ကမူ ရာသီသွေးပေါ်ခြင်းမှာ လူဖြစ်ပေါ်စကပင် မိန်းမများ ကျိန်စာသင့်ခြင်းဟူ၍ပင် မှားယွင်းမှတ်ယူ၍ ပြောဆိုကြသေးသည်။

ထို့ကြောင့် မှန်ကန်စွာ တွေးခေါ်ယူဆနိုင်ရန် သိပ္ပံနည်းအရ ရာသီသွေးမည်သို့ပေါ်သည်ကို သိထားသင့်သည်။ သိပံ္ပနည်းအရ ရာသီပေါ်ခြင်းဆိုသည်မှာ မမျိုးဥအင်္ဂါမှ ထွက်သော ဟော်မုန်းများကြောင့်ဖြစ်သည်။

မမျိုးဥအင်္ဂါမှထွက်သော ဟော်မုန်းများကြောင့် သားအိမ်အတွင်းမြှေး ပြောင်းလဲမှုများမှ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ မမျိုးဥမကြွေမီ၌ မဟိုမုန်း(Estrogen) များ၍ သားအိမ်အတွင်းမြှေးမှာ ထူလာရုံမက အာဟာရဓါတ်များဖြင့်လည်း ပြည့်ဝလာသည်ဟု လေ့လာတွေ့ရှိချက်များက ဆိုသည်။

ထိုကဲ့သို့ ဖြစ်လာခြင်းမှာ သန္ဓေသား တွယ်ကပ်ကြီးထွားနိုင်ရန် ဖြစ်လာခြင်း တနည်းအားဖြင့် မဖြစ်လာသေးသော/ ဖြစ်လာလတံ့သော သန္ဓေသားအတွက် ကြိုတင် ပြင်ဆင်ပေးထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မမျိုးဥကြွေပြီး ရက်သတ္တ တပတ်ကျော်၌ သားအိမ်အတွင်းမြှေးသည် အထူဆုံးဟု သိရသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ ဥကြွေပြီးသော နေရာမှ သန္ဓေတည်ဟိုမုန်းဓါတ် (Progesterone) ထွက်သောကြောင့်ဟု သိရသည်။ အကယ်၍ ကြွေသော မမျိုးဥသည် အမျိုးသားဆီမှ သုတ်ကောင်နှင့် မျိုးစပ်ပြီး သန္ဓေအောင်ပါက ထိုသန္ဓေသားသည် အသင့်ဖြစ်နေပြီဖြစ်သော သားအိမ်အတွင်းမြှေးတွင် တွယ်ကပ်ကာ ကြီးထွားလာမည်ဖြစ်သည်။

သို့ရာတွင် မျိုးစပ်မှု မရှိခြင်း ၊ သန္ဓေအောင်ခြင်း မဖြစ်ပါက တွယ်ကပ်ရန် သန္ဓေသားမရှိသဖြင့် ထူနေသော အိမ်အတွင်းမြှေး ပြုတ်ကျလာသည်။ ထိုသို့ ပြုတ်ကျလာသောအခါ သားအိမ်အတွင်းမြှေးနှင့်အတူ သွေးများလည်း ပါလာသည်။ ဤသည်ကို ရာသီသွေးပေါ်ခြင်း တနည်းအားဖြင့် ဓမ္မတာလာခြင်းဟု ခေါ်သည်။ 

ရာသီပေါ်ခြင်းမှာ မျိုးစပ်မှုမရှိခြင်း ၊ သန္ဓေသား မအောင်ခြင်းဟုဆိုလျှင် ရာသီသွေးမပေါ်ပါက (ကိုယ်တိုင်လည်း မျိုးစပ်ယှက်မှု ရှိထားခဲ့ပါက) သန္ဓေအောင်ခြင်း သို့မဟုတ် ပုံမှန်အခြေအနေမဟုတ်သော အခြား အကြောင်းတစ်ခုခုကြောင့်ဟု မှတ်ယူနိုင်သည်။

ရာသီသွေးသည် ညိုပုပ်ပုပ်အရောင်ရှိ၍ ညှီစို့စို့ အနံ့ရှိသည်။ ထိုကဲ့သို့သော အနံ့မှာ လူမသန့်ရှင်း၍မဟုတ်ဘဲ ကြွေကျလာသော သားအိမ်အတွင်းမြှေးများကြောင့်ဟု လေ့လာတွေ့ရှိချက်များက ဆိုသည်။

ထိုသို့ ရာသီသွေးပေါ်နေချိန်တွင် မိန်းမကိုယ်ကို သန့်ရှင်းအောင် အထူးဂရုစိုက်သင့်၍ မသန့်ရှင်းပါလျှင် အနံ့အသက် ပိုဆိုးလာရုံမက ရောဂါများ အလွယ်တကူ ဝင်နိုင်ကြောင်းလည်း သိရသည်။

တစ်ဦးနှင့် တစ်ဦး မတူခြားနားမှု ရှိနိုင်ပေမယ့် အများအားဖြင့် ရာသီပေါ်လျှင် ဆင်းသည့်သွေးမှာ တစ်အောင်စ ၊ နှစ်အောင်စ ရှိကြောင်း သိရသည်။ အကယ်၍ လစဉ်တိုင်းလိုလို သွေးဆင်း အလွန်နည်းမူ ရောဂါကြောင့်ဟု သတိချပ်သင့်သည်။

အရွယ်ရောက်သော မိန်းကလေးများ (အမျိုးသားနှင့် ဆက်ယှက်မှု ရှိခဲ့သော မိန်းကလေးများ) အနေဖြင့် ရာသီမပေါ်တိုင်း ကိုယ်ဝန်ရှိသည်ဟု တထစ်ချ မှတ်ယူ၍လည်းမရပေ။ အဘယ်ကြောင့်ဆိုသော် နေထိုင်မှုပတ်ဝန်းကျင် အပြောင်းအလဲသော်လည်းကောင်း ၊ စိတ်ဖိစီးမှု ရှိနေလျှင်သော်လည်းကောင်း ရာသီသွေး တစ်လ ၊ နှစ်လခန့် ရပ်ဆိုင်းတတ်ကြသည်။

တခါတလေ စိတ်က ကိုယ်ဝန်ရချင်လွန်း အားကြီးသောကြောင့် ကိုယ်ဝန်မရှိဘဲ တစ်လ ၊ နှစ်လ ရာသီသွေးမပေါ်ဘဲလည်း ဖြစ်နေနိုင်သည်။

ရတု (Burmesehearts.com)

You might also like