ခေတ်ရေစီးပုပ်

0

နယ်မြေမခြား စည်းမထားခင်

စစ်မက်ကင်းစင် စုပျော်ရွှင်

Tech တွေထွန်းကား နျူ မျိုးပွား

အားအားရှိတော့ ပြိုင်ကြွားမလား

အသားတွေပေါ်စား မတင်းတိမ်ငြား

လူ့သန္ဓေသားလဲ စားကြပြီ

ဇရပ်တွေမဆောက်ငြား Club တွေဆောက်ထား

ဖောက်ပြားမှုလဲ များလာပြီ

အသစ်နောက်လိုက်ရင်း စိတ်ဖိစီး

တန်ဖိုးသိမှ တန်ဖိုးရှိ

ပစ္စည်းတွေလဲမျိုးစုံတော့

ခေတ်ပေါ်ရောဂါလည်းစုံပေါ့

စာနာမှုရှား တဏှာများ

တရားတွေလဲ ခါးပြီလား

Civilize ကား ဒုစရိုက်များ

သဘာဝကိုက ပူလှပြီ

ခေတ်ကရွေ့လျား သောကများ

ကောင်းခြင်း ၊ ဆိုးခြင်း ထွေပလီ

ရေစီးပုပ်မှာ မျောပလား

တရားတွေနဲ့ ထိန်းစို့လား … ။

ဇူဇူးစံ (Burmesehearts.com)

You might also like