Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကျောင်းကောင်းမှာ ပညာသင်ကြားရတဲ့ တချို့ကလေးငယ်တွေ ဘာကြောင့် သိမ်ငယ်စိတ်ဝင်ရသလဲ? – BurmeseHearts

ကျောင်းကောင်းမှာ ပညာသင်ကြားရတဲ့ တချို့ကလေးငယ်တွေ ဘာကြောင့် သိမ်ငယ်စိတ်ဝင်ရသလဲ?

0

ကလေးငယ်တွေဟာ မသိ ၊ နားမလည်သေးတော့ သူများစားတာ စားချင်တယ် ၊ သူများဝတ်တာ ဝတ်ချင်တယ် ၊ သူများ သုံးသလို သုံးချင်တယ်။ တကယ်မတတ်နိုင်ဘဲ အပြိုင်အဆိုင်များတဲ့ကျောင်းမှာ မိဘကထားလို့ ကျောင်းတက်ရတဲ့ ကလေးငယ်တွေဟာ ဒီသိမ်ငယ်မှုကို ပိုခံစားရပါတယ်။ အတန်းဖော်တွေက တတ်နိုင်သူတွေချည်းပဲ ၊ ကျောင်းသုံးပစ္စည်းကနေ လွယ်အိတ် ၊ အဝတ်အစား ၊ ကျောင်းလာတဲ့ ကားတွေ ဖိနပ်တွေအထိ အပြိုင်အဆိုင် သုံးနိုင်ကြတယ်။ ဒီတော့ မသုံးနိုင်တဲ့ မျက်နှာမွဲကျောင်းသား ၊ ကျောင်းသူတွေဟာ အတန်းဖော်နဲ့ ဆရာ ၊ ဆရာမတွေရဲ့ ခွဲခြားဆက်ဆံမှုဆိုတာကို ခံရတော့တယ်။ ရေများရေနိုင် ၊ မီးများမီးနိုင်ကိုး ။ ဒီတော့ ကလေးဟာ သူ့မှာ အပြစ်မရှိပါဘဲလျက် အလိုလို သိမ်ငယ်စိတ်တွေ ဝင်လာတယ်။

ကျောင်းထားပေးတိုင်း မိဘတာဝန်မကျေသလို ကျောင်းကောင်းကောင်း ထားပေးနိုင်တိုင်း ကလေးဂုဏ်တက်တာ မဟုတ်ပါဘူး။ သူ့အတန်းဖော်တွေ ဝတ်နိုင် ၊ စားနိုင် ၊ သုံးနိုင်သလို မဝတ်နိုင် မစားနိုင်ရင်တောင် အသင့်အတင့် ပြည့်မီတဲ့အဆင့်ရှိအောင်တော့ ထောက်ပံ့ပေးရမှာပဲလေ။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကလေးသူငယ်များ၏စိတ် နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( childphilosophy)

You might also like