အချစ်ကြွင်း

0

အချစ်ကြွင်း

ဖွဖွဆုပ်ကိုင်ဖူးတဲ့ ဒီလက်ကလေး

ဘယ်သူ့တွဲထားပြီလဲလေ

ဖွဖွနမ်းခဲ့ဖူးတဲ့ ဒီပါးကလေး

အခုဘယ်သူ့အတွက်လဲလေ

ရည်ရွယ်ဖူးခဲ့တဲ့အနာဂါတ်

ဘယ်သူ့ရာထားလိုက်ပြီလဲ

မင်းချန်ရစ်လို့ ကျန်ရစ်ရသူရင်ထဲ

ဒဏ်ရာပြည့်နှက်ဆဲပါလေ။

ဇူဇူးစံ (Burmesehearts.com)

You might also like