မရည်ရွယ်ဘူး

0

မင်းကိုငါ စိတ်စွဲလွန်းတာမှန်ပေမယ့်

ငါ့စကားလုံးတိုင်းက မင်းကိုမရည်စူးခဲ့ပါဘူး။

အခြေအနေတူခဲ့လို့ ဆင်တူယိုးမှားခံစားချက်ဖြစ်ချိန်

ငါ့စကားလုံးတွေက မင်းစိတ်ကိုနာကျင်စေလိမ့်မယ်။

ငါ့ကဗျာတွေက မင်းအနာကိုဆွကောင်းဆွမယ်။

ငါကိုယ်တိုင်နာကျင်လို့

ဖိတ်ကျလာတဲ့စကားလုံးတွေဟာ

မင်းနှလုံးသားကို ဖိတ်စင်ခဲ့မယ်ဆိုရင်တော့

ချစ်သူရယ်………… မင်းနာကျင်ဖို့

ငါတကယ်မရည်ရွယ်ခဲ့ပါဘူး။

ဇူဇူးစံ  (Burmesehearts)

You might also like