ပုခက်လွှဲတဲ့လက်

0

ပုခက်လွှဲတဲ့လက်မို့အထင်မသေးနဲ့

အစီအစဉ်တကျလုပ်တဲ့နေရာမှာ

သူမထက်သာသူမရှိဘူး။

မပြတ်သားဘူးလိုလိုနဲ့

သူတို့ပြတ်သားတဲ့အခါမှာ

ပြန်ညှိဖို့ခက်နေလိမ့်မယ်။

လူတိုင်းမေ့တတ်ကြပေမယ့်

အိမ်ရှိလူကုန်မွေးနေ့နဲ့

အမှတ်တရနေ့တွေကို အမြဲသတိတရရှိတဲ့သူ ….

စာရင်းအင်းသင်တန်း မတက်ခဲ့ပေမယ့်

ဝင်ငွေထွက်ငွေ အချိုးတကျ

သေသပ်စွာ သုံးစွဲထိန်းညှိတတ်သူ ….

ခပ်နုံနုံမထင်လိုက်နဲ့

အခွင့်အရေးတွေကွက်ကျော်မြင်လို့

မိမိရရဖမ်းဆုပ်တတ်သူ …..

သူများတွေ ပျော်ပျော်နေချိန်မှာ

သူတို့က နောင်ရေးတွေးပူတတ်သူ …..

ဘယ်သူငြိုငြင်ပါစေ ပါးစပ်တဖွာဖွာနဲ့

မိသားစုကို စေတနာဗရပွထားတဲ့သူ …..

ရယ်နေပေမယ့် စိုးရိမ်မကင်းရှိတတ်သူ

ယုံကြည်ထားသယောင်နဲ့ သံသယမကင်းရှိနေသူ ….

အို အေး အို ဆိုတေးချို ချော့ သိပ်ရင်း

ပုခက်လွှဲနေပေမယ့် မလျှော့ သောဇွဲနဲ့

မိသားစုအတွက် ပေးဆပ်နေသူ ….. ။

ဇူဇူးစံ (Burmesehearts.com)

 

You might also like