ချစ်သူအနားမှာရှိရင်

0

ချစ်သူအနားမှာရှိရင် …………

အပြင်မှာမိုးရွာနေလည်း ရင်ထဲနေသာနေတယ်

နှင်းဖွေးဖွေးတွေကျနေလည်း ရင်ထဲနွေးထွေးနေတယ်

ရာသီပူစေဦးတော့ စိတ်လှုပ်ရှားမှုနဲ့ရင်ထဲတစိမ့်စိမ့်

ကျရှုံးပါစေဦး အားပေးမယ့်သူရှိတယ်လေ

လဲကျပါစေဦး တွဲထူမယ့်သူရှိတယ်လေ

နေမကောင်းလည်း ပြုစုမယ့်သူရှိတယ်

ငိုရင်မျက်ရည်သုတ်ပေးမယ့်သူရှိတယ်

လက်ဖဝါးနွေးနွေး ဆုပ်ကိုင်ထားမယ့်သူရှိတယ်

တဘဝစာချစ်မိသူအတွက် ထာဝရချစ်လို့နေမယ်။

ချစ်သူအနားမှာရှိရင် …………

ဇူဇူးစံ (Burmesehearts.com)

You might also like