ကလေးအလှုပ်နည်းလာခြင်းဟာ ဘာကြောင့်လဲ?

0

ကိုယ်ဝန်ဆောင်မိခင် အနားယူသောအချိန်တွင် ကလေးဟာ ဗိုက်ထဲတွင် အလှုပ်အများဆုံး အချိန်ဖြစ်ကြောင်း သိရသည်။

တကယ်ဆို အလုပ်များမြောင်လှသော မိခင်က မိမိဘာသာ ရှုပ်နေသည့်အတွက် ကလေးလှုပ်တာကို သတိမထားမိဘဲ မိမိအနားယူချိန်မှ ကလေးလှုပ်တာကို သတိထားမိ၍ ဖြစ်ကြောင်း ၊ မိမိအနားယူချိန်မှ ကလေးဟာ ပိုလှုပ်တာမျိုးမဟုတ်ဘဲ ကလေးလှုပ်တာကို မိမိအနားယူချိန်မှ ပိုသတိထားမိတာသာ ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ညနေပိုင်းနှင့် ညအိပ်ရာဝင်ချိန်များတွင် ဗိုက်ထဲမှ ကလေးလှုပ်တာကို ကိုယ်ဝန်ဆောင်မိခင်များ ပိုသတိထားမိခြင်းဖြစ်ကြောင်း သိရသည်။

အချိန်(၁၂)နာရီအတွင်း ဗိုက်ထဲမှကလေးဟာ ဆယ်ကြိမ်ထက်မနည်း ကန်တာကို မိခင်က သိရှိခံစားနိုင်ပေသည်။ ဗိုက်ထဲကကလေး ဒီ့ထက်ပိုကန်လျှင် စိုးရိမ်စရာ မဟုတ်ပေမယ့် ကလေးလှုပ်ရှားတာကို (၁၂)နာရီအတွင်း လုံးဝမခံစားရလျှင်သော်လည်းကောင်း ၊ ကလေးလှုပ်သည့်အကြိမ်ရေ နည်းသည်ဟု မိမိက သံသယရှိလျှင်သော်လည်းကောင်း မိမိကိုယ်ဝန်အပ်ထားသည့် ဆရာဝန် (သို့မဟုတ်) ဆေးရုံသို့ အမြန်ဆွေးနွေးသင့်သည်။

မမွေးဖွားမီ ဗိုက်ထဲသေဆုံးသွားခဲ့သော ကလေးငယ်များဟာ ထိုကဲ့သို့ ဗိုက်ထဲ လှုပ်ရှားသည့် အကြိမ်ရေနည်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( PregnancyKnowledge)

You might also like