နှုတ်ဆက်ချိန်

0

နှလုံးသားချင်း တိုက်ခိုက်နေရအောင်

အချစ်နယ်က စစ်မြေပြင်မဟုတ်ဘူး။

အခန့်မသင့်ရာက အမုန်းပွားရင်

ခံစားချက်တွေ ဒဏ်ရာရကုန်ရော့မယ်။

တို့တွေ မုန်းဖို့ချစ်ခဲ့ကြတာမဟုတ်သလို

ခွဲခွါဖို့ နီးစပ်ခဲ့ခြင်းမဟုတ်ရပါ။

ရန်လိုလို့ ပွေ့ဖက်ခဲ့ခြင်းမဟုတ်သလို

နစ်နာဖို့ အိပ်စက်ခဲ့ခြင်းမဟုတ်ရပါ။

အဖြူအမဲသဲကွဲနေတဲ့ နှုတ်ဆက်ခရီးဝယ်

ပြုံးပြီးလက်ပြနိုင်ရင် မကောင်းဘူးလား။

စိတ်ရှင်းရှင်းနဲ့ ရှေ့ဆက်သွားပါ။

ခလုတ်မထိဖို့အရေး

အနေဝေးလဲ ဆုတောင်းပေးမြဲပါကွာ။

ဇူဇူးစံ  (Burmesehearts.com)

You might also like