နှစ်သစ်ဆုတောင်း

0

 

BurmeseHearts - Happy New Year Welcome 2016

နှစ်သစ်ဆုတောင်း

သက္ကရာဇ်တစ်ခု ဟောင်းသွားပြန်ပြီ

နှစ်တစ်နှစ် ပြောင်းသွားပြန်ပြီ

လတွေ ၊ နှစ်တွေ ဘယ်လိုပြောင်းပြောင်း

လူတွေရဲ့ သတ်မှတ်ချက်တစ်ခုပါပဲ။

နေ့တွေ ၊ ညတွေ ပြောင်းဆဲ ပြောင်းမြဲ …..

နွေ ၊ မိုး ၊ ဆောင်း တွေ ပြောင်းဆဲ ပြောင်းမြဲ ….

လူတွေ ၊ စိတ်တွေ ပြောင်းဆဲ ပြောင်းမြဲ ….

ဘာတွေ ဘယ်လို ပြောင်းပြောင်း

အကောင်းဘက်ရောက်ဖို့သာ လိုတာပါ

ဖြစ်ပြီးတာတွေ သင်ခန်းစာယူလို့

၂၀၁၅ ကို နှုတ်ဆက်စို့ …. ။

ဖြစ်ချင်တာတွေ ဖြစ်အောင်ကြိုးစားဖို့

၂၀၁၆ ကို ကြိုဆိုစို့ …… ။

နှစ်သစ်ဆုတောင်း တောင်းလိုက်မယ်

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ……

ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ …….

သတ္တဝါများ ငြိမ်းချမ်းပါစေ ………

ဇူဇူးစံ (Burmesehearts.com)

You might also like