ငွေချစ်သူ

0

မင်းရဲ့ခါးသီးမှု မမြင်နိုင်လောက်အောင်

ငါ့ရဲ့ အချစ်က ကန်းတယ်

ငါ့ရဲ့အရိပ်မမြင်ချင်လောက်အောင်

မင်းရဲ့အမုန်းက ကြမ်းတယ်

လူလူချင်းပဲကွာ နံရံအဆင့်တွေ မခြားသင့်ဘူး

ဒီရင်ဘတ်အုံကြီးနဲ့ မင်းဘ၀လုံခြုံစေရမယ်

မင်းအတွက် ဘေးမှန်သမျှ ပြေးကာပေးချင်သူပါ

ငါ့ရင်ကိုခွဲကြည့် မင်းမှမင်းပဲရှိတယ်

ငါ့မေတ္တာနဲ့ လစ်ဟာမှုမရှိအောင် ယုယချင်လိုက်တာ

ငါကွာ ……….. မင်းလိုလားတဲ့ ပိုက်ဆံတွေရှိချင်တယ်။

ဇူဇူးစံ (Burmesehearts.com)

You might also like