အဖြေ

0

ဘာကြောင့်ပိတ်လှောင်ထားတာလဲ

အချိန်ပေးတွေးမိတော့

လွတ်မြောက်နိုင်မယ့်လမ်း မတွေးမိတော့ဘူး။

သူ့အမှား၊ ကိုယ့်အမှား ငြင်းခုန်ကြရင်း

အမှန်ပြန်ပြင်လုပ်ကြဖို့ သတိမရတော့ဘူး။

ရှုံးနိမ့်မှုတွေအတွက် စိတ်ဓာတ်ကျနေရင်

အောင်မြင်ဖို့ အလှမ်းဝေးနေဦးမယ်။

ဆုံးရှုံးမှုတွေတမ်းတရင်း ငိုကြွေးနေရင်

ပိုင်ဆိုင်မှုတွေရှိလာဖို့ နောက်ကျနေဦးမယ်။

စွန့်ခွါသွားသူအတွက် လွမ်းဆွတ်ကြေကွဲနေရင်

အနားမှာရှိနေသူတန်ဖိုးကို သတိမထားမိဘူး။

ကုန်သွားတဲ့အချိန် သုံးနေတဲ့အင်အား

ပန်းနေတဲ့ကိုယ် မဟုတ်သေးတဲ့

ရလဒ်ရဲ့အဖြေဟာ လွဲနေတဲ့အာရုံ။

ဇူဇူးစံ (Burmesehearts.com)

You might also like