အကောင်းမြင်စိတ်ဆိုတာဘာလဲ?

0

လွယ်လွယ်ကူကူ နားလည်အောင်ပြောရမယ်ဆို အကောင်းမြင်စိတ်ဆိုတာ အဆိုးဆုံးအခြေအနေ ဖြစ်လာရင်တောင် အဆိုးမမြင်တတ်သူပါ။ အကောင်းမြင်တတ်သူတွေက အဆိုးဆုံးအခြေအနေမှာတောင်မှ ဘယ်လိုအကောင်းမြင်ရမလဲလို့ သိနေတယ်။

လူတွေ ငိုငိုရယ်ရယ် ကောင်းကင်နဲ့မြေကြီးက သေတဲ့အထိ အဖော်ပြုပေးတယ်။ နေ့အခါ နေမင်းက ထွန်းလင်းပေးဦးမယ်။ ညအခါ လမင်းက ပြည့်တခါ မိုက်တလှည့် ကျီစားဦးမယ် ၊ ငှက်ကလေးတွေက တေးဆိုပြမယ် ၊ စမ်းချောင်းနဲ့ ရေတံခွန်တွေ ၊ မြစ်ချောင်းတွေက စီးဆင်းသံနဲ့ ငြိမ့်ငြောင်းမှုပေးမယ်၊ ဂီတသံစဉ်တွေကိုလည်း အဖော်ပြုနိုင်သေးတယ် ၊ အသက်ရှင်လျက်ရှိသေးတာမို့ ကြိုးစားခွင့်ရှိသေးတယ် ၊ နောက်ဆုံးအချိန်အထိ ကိုယ့်အကူအညီလိုအပ်သူတွေကို စိတ်အား ၊ လူအား ကူညီနိုင်ခွင့်ရှိသေးတယ်ဆိုတာကို အကောင်းမြင်တတ်သူတွေက သိတယ်။ ဒါကြောင့် သူတို့ဟာ စိတ်ဓါတ်ခိုင်မာသူတွေဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို လဲကျလည်းပြန်ထလို့ ပြန်ကြိုးစားနိုင်ကြသူတွေ ဖြစ်ပါတယ်။

You might also like
Leave a comment