အချစ်မည်သည်

0

အချစ်ဆိုတာ ရယူခြင်းလည်း

ပေးဆပ်ခြင်းလည်းမဟုတ်

ခံစားမှုတို့အတွက်ဖြစ်တည် ….

 

အချစ်ဆိုတာ

ပျော်ရွှင်စေဖို့မဟုတ်

ဝမ်းနည်းစေဖို့မဟုတ်

ဂရုစိုက်တတ်ဖို့ဖြစ်တည် ….

 

အချစ်ဆိုတာ

အလွှာလည်းမရှိ

ခြားနားမှုလည်းမမြင်

ဦးစားပေးအဆင့်၌ဖြစ်တည် …

 

အချစ်ဆိုတာ

အရှုံးပေးဖို့မဟုတ်

အနိုင်ယူဖို့မဟုတ်

ကိုယ်ချင်းစာပေးဖို့ဖြစ်တည် ….

 

အချစ်ဆိုတာ

တွေဝေဖို့အတွက်မဟုတ်

ပြတ်သားဖို့အတွက်မဟုတ်

ငဲ့ညှာတတ်ဖို့ဖြစ်တည် ….

 

ချစ်တယ်ဆိုသူတွေ

တကယ်ချစ်တတ်ရင်

၃၁ဘုံအစုံ အေးချမ်းမှုတို့ဖြစ်တည် …

ဇူဇူးစံ (Burmesehearts.com)

 

 

You might also like