အကွာအဝေး

0

ခပ်ဆတ်ဆတ် မင့်းစကားတွေကြောင့်

တို့နှစ်ယောက် ခပ်တန်းတန်းဖြစ်ခဲ့တယ်။

ရင့်သီးတဲ့ မင်းရဲ့စကားလုံးတွေကြောင့်

တို့နှစ်ယောက် ခပ်လှမ်းလှမ်းဖြစ်ခဲ့တယ်။

ရိုင်းစိုင်းတဲ့ မင်းရဲ့စကားလုံးတွေကြောင့်

တို့နှစ်ယောက် အနေဝေးသွားခဲ့တယ်။

စော်ကားတဲ့ မင်းရဲ့စကားလုံးတွေကြောင့်

မဆုံချင်တဲ့အထိ ဝေးသွားရတယ်။

မင်းသတိမထားမိတဲ့ မင့်စကားလုံးတွေက

တို့နှစ်ယောက်ကို ဆွဲခွါပစ်ရင်း

တို့နှစ်ယောက်အကွာအဝေး

ဝေးသထက်ဝေးလာတယ်။

ဇူဇူးစံ (Burmesehearts.com)

You might also like