သိခဲ့ဖို့ကောင်းတယ်

0

အတည်မရည်ရွယ်ထားခဲ့ဘူးဆိုတာ

(အစကတည်းက) သိခဲ့ဖို့ကောင်းတယ်။

ရန်လိုလို့ နိုင်စားတယ်ဆိုတာ

(အစကတည်းက) သိခဲ့ဖို့ကောင်းတယ်။

ငါ့စိတ်ခံစားချက် ထည့်မတွက်ဘူးဆိုတာ

(အစကတည်းက) သိခဲ့ဖို့ကောင်းတယ်။

ပစ်ထားချင်လို့ ချန်သွားတယ်ဆိုတာ

(အစကတည်းက) သိခဲ့ဖို့ကောင်းတယ်။

နီးစပ်ဖို့မျှော်ကိုးရင်း ဝေးသွားမယ်ဆိုတာ

(အစကတည်းက) သိခဲ့ဖို့ကောင်းတယ်။

နာခဲ့တဲ့ ရင်

ယုံထားတဲ့ ကတိ

ရင်းခဲ့တဲ့ အချိန်တွေကြောင့်

ငါ . နောင်တရတယ်။

ဇူဇူးစံ (Burmesehearts.com)

You might also like