သတ္တိ

0

ငါပိုင်ဆိုင်ထားတာတွေ

(တနေ့)ထားခဲ့ရမယ်မှန်းသိတယ်။

ငါဆိုတာမရှိတော့ရင်

ဒီခန္ဓာကြီးပျက်စီးသွားမှာလဲသိတယ်။

ဒီလိုသိရင်းကပဲ ဆထက်တပိုး ငါကြိုးစားတယ်။

အောင်မြင်မှုကိုလက်လှမ်းရင်း

ဆုံရှုံးမှုအတွက်လဲပြင်ဆင်ထားတယ်။

ဖြစ်လာတာမှန်သမျှ လက်ခံနိုင်ဖို့အသင့်ရှိတယ်။

ငါ့ဦးနှောက်နဲ့ရင်ဘတ်ကို ရှင်းရှင်းဖွင့်ထားတယ်။

လောကဓံအတွက် ငါအသင့်ရှိတယ်။

ဇူဇူးစံ  (Burmesehearts.com)

You might also like