လူပျို ၊ အပျိုသင်တန်း မိတ်ဆက်

0

တချိန်အိမ်ထောင်ပြုမယ်လို့ ရည်စူးထားတဲ့ အပျို ၊ လူပျိုတိုင်း သင်ယူသင့်တဲ့ သင်တန်း
 
 
သမီးရည်းစားတိုင်း အပေးအယူ ၊ နားလည်မှုတွေမျှတပြီး ခိုင်မာတဲ့ရည်ရွယ်ချက်တွေနဲ့ တူနှစ်ကိုယ်ဘဝတည်ထောင်ဖို့ ၊ ချစ်သူနဲ့သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးရဖို့ သူရောကိုယ်ပါ သင်ယူသင့်တဲ့သင်တန်း
 
 
မဟုတ်တာတွေမမှားမိဖို့ ပြောဆိုသင်ပြသင့်မှန်းသိပေမယ့် မိဘနဲ့သားသမီး ပွင့်ပွင့်လင်းလင်း ပြောဆိုသင်ပြဖို့ မသင့်တဲ့အကြောင်းအရာတွေကိုလည်း အကြောင်းအကျိုး နားလည်သိတတ်သွားအောင် သင်ပေးထားတဲ့သင်တန်းမို့ မိဘတွေက ကိုယ့်သားသမီးတွေ ဒီသင်တန်းမှအကြောင်းအရာတွေ နာယူဖြစ်အောင် တိုက်တွန်းသင့်တဲ့သင်တန်း
 
 
လွယ်လွယ် ကလေးမယူဖြစ်မိအောင် ကလေးတစ်ဦးရဲ့တာဝန်ဟာ မွေးဖွားပေးလိုက်ရုံနဲ့ မပြီးတာကို ထောင့်စေ့အောင် အချက်အလက် ၊ ကြောင်းကျိုးတွေနဲ့ ရှင်းပြထားတာမို့ မိဘရဲ့တာဝန်လည်းသိနားလည် ၊ မိဘရဲ့တန်ဖိုးကိုလည်း သိမြင်လာမှာဖြစ်လို့ အလွန်စိတ်ဝင်စားစရာကောင်းပြီး အကျိုးများတဲ့သင်တန်း
 
 
ဘာကြောင့် အပျို ၊ လူပျိုသင်တန်းရယ်လို့ သင်ဖို့ဖြစ်လာတယ်ဆိုတာနဲ့ ဘာကြောင့် သိသင့် ၊ တတ်သင့်တယ်ဆိုတာကို ဆရာမရတုကိုယ်တိုင် အရွယ်အသီးသီးအတွက် ရှင်းပြပေးထားတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။
 
You might also like