မထုံတက်တေးဖြစ်သွားတဲ့ ကလေးငယ်တွေဟာ ဘာကြောင့်ဖြစ်ရတာလဲ?

0

လူကြီးမိဘက ရိုက်နှက်ဆုံးမလို့ အကြောက်တရားဖုံးသွားတဲ့ကလေးဟာ သူ့ရဲ့မျက်လုံးတွေကသာ လှုပ်ရှားနေပေမယ့် ဦးနှောက်ကတော့ ငါငြိမ်နေမှဖြစ်မယ်ဆိုပြီး သူလုပ်သင့်တဲ့အလုပ်ကို မလုပ်တော့ပါဘူး။ ဒီလိုဆိုရင် ဘာကြောင့် မထုံတက်တေးလေးတွေဖြစ်သွားတာလဲဆိုတာ သိလောက်ရောပေါ့နော်။

မိဘဟာ နားလည်မှုအခြေခံနဲ့ မွေးစကနေ သုံးနှစ်အရွယ်သားသမီးကို နူးညံ့စွာမဆုံးမခဲ့ရင် သားသမီးတွေဟာ မထုံတက်တေးလေးတွေ ဖြစ်သွားမှာပါ။ သူတို့မှာ ငယ်ရွယ်စဉ်က ကြောက်စိတ်အခံကြောင့် ခံစားမှုတွေထုံသွားပြီး အခြေအနေအပေါ် ဘယ်လိုတုန့်ပြန်လို့ တုန့်ပြန်ရမှန်း မသိတော့တာပါ။

You might also like
Leave a comment