ဘာကြောင့် ကလေးစောမွေးနိုင်သလဲ?

0

ကိုယ်ဝန်ဆောင်ကာလ ရက်သ္တပတ် (၃၇)ပတ်မတိုင်မီ မွေးဖွားလာခဲ့သော ကလေးငယ်များဟာ အထွေထွေသော ကျန်းမာရေး ချို့ယွင်းချက်များ ရှိနိုင်ပြီး အထူးသဖြင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ရှိတတ်ကြောင်း သိရသည်။

ကလေးစော မွေးဖွားခြင်းဟာ ပုံမှန်မွေးဖွားသကဲ့သို့ပင် ရေဆင်း ၊ သွေးဆင်း ၊ ဗိုက်နာခြင်း စသဖြင့် ခံစားရတတ်ပြီး ကိုယ်ဝန်ဆောင်ကာလ ရက်သ္တပတ် (၃၇)ပတ်မတိုင်မီ မွေးဖွားလာခဲ့သော ကိုယ်ဝန်များအား ကလေးစောမွေးခြင်းဟု သတ်မှတ်ကြောင်း သိရသည်။

သို့ပေမယ့် ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် (၃၂)ပတ်ကျော်ပြီး ကိုယ်ဝန်ဆောင်ကာလ ရက်သ္တပတ် (၃၇)ပတ်မတိုင်မီ ကြားကာလတွင် မွေးဖွားလာသော ကလေးငယ်များကတော့ အသက်ရှင် ကျန်းမာစွာ နေထိုင်ကြီးပြင်းဖို့ အခွင့်အရေး ကောင်းကောင်း ရှိသည်ဟု သိရသည်။

ဒီ့မတိုင်မီ စောမွေးလာသော ကလေးငယ်များအား ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါများ ပုံမှန်အလုပ်လုပ်နိုင်သည်အထိ ဖွံ့ဖြိုးလာအောင် အထူးကြပ်မတ်ဆောင်တွင် ထားရှိစေသည့်အတွက် ထိုသို့ ထားခွင့်မရသော ကလေးငယ်များ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက ကျန်းမာလာဖို့အခွင့်အရေး ပိုမိုသာလွန်ကြောင်း သိရသည်။

You might also like
Leave a comment