နိဂုံး

0

ရင်ထဲမှာရှိခဲ့တဲ့ အချစ်

သံယောဇဉ်ငြိမိတဲ့အဖြစ်

ကိုယ်စီရှိကြတဲ့စွဲလမ်းမှုတွေကို

မာနတွေအရောင်ဆိုးလို့

အတ္တကကြားခံ

ပွင့်လင်းရာမရောက်တဲ့စကားလုံးတွေအလယ်

ယုံကြည်မှုပျောက်လို့ သံသယအလည်ဝင်တော့

နားလည်မှုမှောက်ခဲ့တဲ့အဖြစ်ရဲ့နောက်ဆုံး …

ကန့်လန်ကာချခဲ့တဲ့ တို့အချစ်နိဂုံး။

ဇူဇူးစံ (Burmesehearts.com)

You might also like