ကလေးတုန်းက အလုပ်ခံရတဲ့ နှစ်သက်မှု ၊ မနှစ်သက်မှုတွေကို လူကြီးတွေက ဘာကြောင့် ပြန်လုပ်နေကြသလဲ?

0

ကိုယ်ငိုနေတဲ့အချိန် လှောင်ပြောင်ခံခဲ့ရတဲ့ကလေးက နောင်တချိန် ကလေးတွေငိုအောင်အထိ လှောင်ပြောင်စနောက်ရတာကို အားသန်လာမယ်။ ကြောက်အောင် ခြိမ်းခြောက်လို့ အငိုတိတ်လာခဲ့ရတဲ့ ကလေးတွေက ငိုနေတဲ့ကလေးတွေတင်မက လူတွေသူ့ကိုမြင်တာနဲ့ ကြောက်ပြီးရှိန်နေတဲ့ အရသာကို ခုံမင်လာတယ်။ ဆူပူရိုက်နှက် ဆဲဆိုကြိမ်းမောင်းတာကို ခံခဲ့ရတဲ့ ကလေးတွေဟာ သူ့သားသမီးတွေကိုလည်း ဒီလိုပဲ ဆိုဆုံးမမှရမယ်ဆိုတဲ့ အစွဲကြီးဝင်သွားတော့တယ်။ ဘယ်လောက်ငိုယိုနေပစေ အကြိမ်ကြိမ် ပစ်ပယ်ထားတာကို ခံခဲ့ရတဲ့ကလေးတွေဟာ တပါးသူရဲ့ ဝမ်းနည်းအားငယ် ခံစားချက်တွေကို ပစ်ပယ်လာတယ်။ နှစ်သိမ့်ပေးရကောင်းမှန်း မသိတော့ဘူး။ တကယ်ဆို ဒီလိုမြင်ရ ၊ ကြားရတာကိုက သူတို့စိတ်ကို အနှောက့်အယှက်ပေးတယ်လို့တောင် ထင်လာတတ်ကြတယ်။ ဒီ့ထက်ဆိုးရင် ငိုတဲ့သူကို မငိုရ ၊ ဝမ်းနည်းတဲ့ပုံမနေရ ၊ စိတ်ထိခိုက်ပုံမဖမ်းရ ဆိုတဲ့အထိ သူ့လက်အောက်ကလူတွေကို စိတ်ခံစားမှု ပိတ်ပင်လာတတ်ပါတယ်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကလေးသူငယ်များ၏စိတ် နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( childphilosophy)

You might also like