ကိုယ့်မျိုးဆက်တွေကို အဆိုးမြင်စိတ်နဲ့ ကြီးပြင်းလာသူတွေ မဖြစ်စေချင်ဘူးဆိုရင် ဘာလုပ်ရမလဲ?

0

ကိုယ့်မျိုးဆက်တွေကို အဆိုးမြင်စိတ်နဲ့ ကြီးပြင်းလာသူတွေ မဖြစ်စေချင်ဘူးဆိုရင် ကိုယ်တိုင်က ပြောင်းလဲရမယ်။ ကိုယ့်ဝန်းကျင်ကိုလည်း ကောင်းတဲ့ဘက် ပြောင်းလဲနိုင်ရင် ပိုကောင်းတယ်။ ဒီအသိုင်းအဝန်းက ဒီလုပ်ရပ်ကို မနှစ်မြို့ရင် ဒီအသိုင်းအဝန်းက ရုန်းထွက်နိုင်အောင် ကိုယ့်မျိုးဆက်တခေတ်ကို ကိုယ်တိုင်က ထူထောင်ရမယ်။ ကိုယ့်မိဘရဲ့စာရိတ္တနဲ့ ဗီဇကို ပြောင်းလဲပစ်လိုက်ဖို့ မဖြစ်နိုင်ပေမယ့် မိမိစာရိတ္တကို မိမိမျိုးဆက်အတွက် မိမိကိုယ်တိုင် အကောင်းဆုံး ကျင့်ကြံနေထိုင်လိုက်တဲ့အခါ ကိုယ့်သားသမီးအတွက် ကိုယ်ဟာ စံပြဖြစ်သွားမယ်။

ကိုယ့်သားသမီးကြီးပြင်းလာတဲ့အခါမှာ ကိုယ်မျိုးစေ့ချထားခဲ့တဲ့ ကောင်းမွန်တဲ့စာရိတ္တဟာ သူ့မျိုးဆက်အလိုက် ပါသွားမှာဖြစ်ပါတယ်။ အတိတ်ကမကောင်းခဲ့နိုင်ပေမယ့် ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ပါ။ ဒီအခါ ပိုမိုကောင်းမွန်တဲ့ အနာဂါတ်ကို တချိန်မှာ ရရှိလာမှာဖြစ်ပါတယ်။ ကိုယ်တိုင်က ဇွဲရှိရှိနဲ့ မဆုတ်မနစ် လုပ်သွားဖို့တော့ လိုပါတယ်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကလေးသူငယ်များ၏စိတ် နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( childphilosophy)

You might also like