ကိုယ်ဝန်အပ်ရင် ဘာအကျိုးထူးရှိသလဲ?

0

ဆရာဝန်နှင့် ပြသသည့်အခါ ဆရာဝန်က ကိုယ်ဝန်ဆောင်သည်အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်၍ မိခင်လောင်းတစ်ဦးသည် မိမိ၏ ကျန်းမာရေး ၊ ကလေး၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပေသည်။

ဥပမာ – မိမိတွင် HIV ရောဂါ ရှိနေမှန်း မသိသေးသူသည် ဆရာဝန်ဖြင့် ကိုယ်ဝန်အပ်သောအခါ လိုအပ်တာ စစ်ဆေးရသည့်အတွက် မိမိ၏ရောဂါဖြင့် ထိုကလေး မွေးဖွားဖို့ သင့် ၊ မသင့်ကို ကြိုတင် သိရှိနိုင်သည်။

ထို့ကြောင့် ကိုယ်ဝန်ရှိနေသော မိခင်လောင်းတိုင်း မဖြစ်သင့်တာများ မဖြစ်အောင် ဆရာဝန်အား မိမိကိုယ်ဝန်ကို မှန်မှန်ပြသသင့်သည်။

You might also like
Leave a comment