Tag Archives | မိခင်

ပုခက်လွှဲတဲ့လက်

ပုခက်လွှဲတဲ့လက်မို့အထင်မသေးနဲ့ အစီအစဉ်တကျလုပ်တဲ့နေရာမှာ သူမထက်သာသူမရှိဘူး။ မပြတ်သားဘူးလိုလိုနဲ့ သူတို့ပြတ်သားတဲ့အခါမှာ ပြန်ညှိဖို့ခက်နေလိမ့်မယ်။ လူတိုင်းမေ့တတ်ကြပေမယ့် အိမ်ရှိလူကုန်မွေးနေ့နဲ့ အမှတ်တရနေ့တွေကို အမြဲသတိတရရှိတဲ့သူ …. စာရင်းအင်းသင်တန်း မတက်ခဲ့ပေမယ့် ဝင်ငွေထွက်ငွေ အချိုးတကျ သေသပ်စွာ သုံးစွဲထိန်းညှိတတ်သူ …. ခပ်နုံနုံမထင်လိုက်နဲ့ အခွင့်အရေးတွေကွက်ကျော်မြင်လို့ မိမိရရဖမ်းဆုပ်တတ်သူ ….. သူများတွေ ပျော်ပျော်နေချိန်မှာ သူတို့က နောင်ရေးတွေးပူတတ်သူ ….. ဘယ်သူငြိုငြင်ပါစေ ပါးစပ်တဖွာဖွာနဲ့ မိသားစုကို စေတနာဗရပွထားတဲ့သူ ….. ရယ်နေပေမယ့် စိုးရိမ်မကင်းရှိတတ်သူ ယုံကြည်ထားသယောင်နဲ့ သံသယမကင်းရှိနေသူ …. အို အေး အို ဆိုတေးချို ချော့ သိပ်ရင်း ပုခက်လွှဲနေပေမယ့် မလျှော့ သောဇွဲနဲ့ မိသားစုအတွက် ပေးဆပ်နေသူ ….. ။ ဇူဇူးစံ (Burmesehearts.com)  

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

မိခင်များ မကျန်းမာတဲ့အခါ

“ဒီကလေးတွေနဲ့ ငါ သေသာ သေလိုက်ချင်တော့တယ်။” ဒီလိုညည်းတွားရေရွတ်မှုတွေကို မိခင်တိုင်း အနည်းနဲ့အများ ပြောဖြစ်ခဲ့ကြမယ်လို့ထင်ပါတယ်။ ဒီစကားဟာ သူတို့ရင်ထဲက လုံးဝမပါတဲ့ ရေရွတ်မှုသက်သက်တခုပါ။ သားသည်မိခင်တွေဟာ သူတို့ကလေးကို လွယ်ထားရတဲ့အချိန်မှသည် ကလေးဘယ်အရွယ်ရောက်ရောက် နောက်ကြောင်း စိတ်မဖြောင့်နိုင်သူတွေဖြစ်ပါတယ်။ ကျွန်မဆိုလိုတဲ့ မိခင်တွေဆိုတာ သားသမီးသံယောဇဉ်ကြီးမားတဲ့ မိခင်အများစုကို ဆိုလိုတာဖြစ်ပြီး သားသမီးသံယောဇဉ်ဆိုတာ ဘာမှန်းမပြောပြတတ်တဲ့ အပေါ့စား မိခင်တွေတော့ မပါဝင်ပါဘူး။ အပေါ့စားမိခင်ဆိုတာ သားသမီးတွေရလာပေမယ့်လည်း ခပ်ပေါ့ပေါ့တွေး ၊ ခပ်ပေါ့ပေါ့နေထိုင်တတ်သူတွေကို ဆိုလိုတာပါ။ ကိုယ့်အရေးထက် သားသမီးအရေးကို လေးလေးနက်နက် တွေးသူတွေကျတော့ စားစား ၊ သွားသွား သားသမီးအရေးဆိုတာ ရှေ့ဆုံးကနေ အတွေးထဲ ၊ အစီအစဉ်ထဲ ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေထဲ ဦးစားပေးတတ်သူတွေပါ။ “ဒီကလေးတွေနဲ့ ငါ သေသာ သေလိုက်ချင်တော့တယ်။” လို့ အဖန်ဖန်ရေရွတ်တတ်တဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
BurmeseHearts Blog

မာတာမိခင်

ကလေးတစ်ယောက်ရဲ့တာဝန်ဟာ တိမ်သယောင်နဲ့ နက်လွန်းလှပါတယ်။ ကျေးဇူးကြီးလှ မိနဲ့ဘလို့ ဆိုကြပေမယ့် သားသမီးတာဝန်ကို အများဆုံးခံကြရတဲ့ မိခင်တွေရဲ့ ဒုက္ခ နဲ့ တာဝန်ဝတ္တရားတွေ ဆိုတာကို ကျွန်မဝေမျှပေးပါရစေ။ ကျွန်မက ကလေးအရမ်းချစ်တတ်သူလေ။ ငယ်ငယ်လေးကတည်းက ကလေးမြင်ရင် မနိုင့်တနိုင် ချီတတ်တဲ့သူ … သူများကလေးတွေတွေ့ရင် အလုပ်ပျက်ခံပြီး ထိန်းကျောင်းပေးချင်စိတ်ရှိသူပါ။ ဒီလိုထိန်းခဲ့တဲ့ အတွေ့အကြုံတွေရယ် ၊ ဖတ်မှတ်ခဲ့တဲ့ စာတွေက အသိတွေရယ်ကြောင့် ကလေးတစ်ယောက်တာဝန်ဟာ မွေးဖွားလိုက်ရုံနဲ့ ပြီးပျောက်မသွားဘူးဆိုတာ ပိုနားလည်လာတယ်။ ကိုယ်တိုင်အိမ်ထောင်ကျတော့ အိမ်ထောင်သက် (၅)နှစ်ပြည့်ပါမှ ကလေးယူတယ်။ အိမ်ထောင်သက်(၆)နှစ် ပြည့်ခါနီးမှ ကလေးမွေးတယ်ပေါ့။ ကလေးကို ဘယ်တော့ယူမယ်လို့ နှစ်ဦးသဘောတူ တိုင်ပင်ပြီးကတည်းက ကလေးတောက်တက် တောက်တက်လေးတွေမြင်ရင် ဘယ်လိုကြည်နူးမှန်းမသိဘူး။ ငါ့ကလေးသာဆိုရင်ဆိုတဲ့အတွေးက ရင်ထဲ နွေးမြနေတာပဲ။ စောင့်ကြည့်နေတဲ့သူမို့ ကိုယ်ဝန်ရှိနေတာကိုလည်း ရက်သတ္တပတ်နှစ်ပတ်အတွင်းကို သတိထားမိခဲ့တာပဲ။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ကလေးမိခင်ဆိုတာ လက်ထဲပိုက်ထားတာလည်း တာဝန် ၊ ဘေး ဘယ်ညာနဲ့ အရှေ့ အနောက် အပေါ်အောက် ကြည့်လိုက်ရင်လည်း တာဝန်တွေပါ။

ကလေးမိခင်များကို နားလည်မှုပေးပါ

ကျွန်မတို့ မြန်မာလူမှုဝန်းကျင်မှာ “ကလေးအမေ” ဆိုတဲ့စကားကြားလိုက်တာနဲ့ ဗြုတ်စဗြင်းတောင်း နိုင်သောသူ ၊ ကပိုကရိုနေသူ စသဖြင့် သွားမြင်လိုက်ပါတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် “ကလေးအမေနဲ့ တူလိုက်တာ ၊ ကလေးအမေကျနေတာပဲ” ဆိုတဲ့စကားမှာ နာသွားပြီ။ ကိုယ့်ကို “ကလေးအမေ” နဲ့ ခိုင်းနှိုင်းရင် မကောင်းဘူးဆိုတဲ့အသိနဲ့ နာသွားတာပါ။ ဒီလိုဆို သွယ်ဝိုက်သောအားဖြင့် ကလေးအမေတွေဟာ မကောင်းဘူးလို့ ဆိုလိုက်သလိုပါပဲ။ မသိတတ်တဲ့သားသမီးတွေကို ဆုံးမရင် “ကိုယ်တိုင် အိမ်ထောင်ကျမှ သိမယ် ၊ ကလေးရမှသိမယ်” လို့ ဆုံးမတတ်ကြပါတယ်။ ဒါကိုက အိမ်ထောင့်တာဝန် ၊ ကလေးတာဝန်ဟာ တော်ရုံလူတွေအတွက် လွယ်တဲ့ကိစ္စမဟုတ်ဘဲ ဒီတာဝန်တွေထမ်းရတဲ့သူဟာ “သားကျွေးမှု ၊ မယားကျွေးမှု” ဆိုတဲ့စကားနဲ့ ဘဝအကြောင်းပိုသိလာတယ်။ တနည်းအားဖြင့် ဘဝထဲ ကျင်လည်နေထိုင်မှုမှာ ပိုလေးနက်တဲ့ အတွေးအခေါ် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ဖခင်နှင့် သားသမီးများ ဘာကြောင့် စိတ်ချင်းဝေးနေလဲ

မိသားစု အတော်များများမှာ ကလေးနဲ့ဖခင်ရဲ့ ဆက်ဆံရေးဟာ ကလေးနဲ့မိခင်ရဲ့ ဆက်ဆံရေးလောက် ရင်းနှီးမှုမရှိကြဘူး။ ခပ်တန်းတန်းဖြစ်နေကြတယ်။ မိခင်နဲ့ ဆက်ဆံတာလောက် ပွင့်လင်းမှုမရှိဘူး။ နောက်ပြီး မိခင်ထက် ဖခင်ကို ပိုကြောက်ကြတယ်။ ကလေးဘဝကတည်းက ဒီလိုမျိုးဖြစ်နေခဲ့တာ သားသမီးအရွယ်ရောက်တဲ့အထိ ဒီလိုခပ်တန်းတန်း ဖြစ်သွားတဲ့ မိသားစုတွေကိုလည်း တွေ့ရပါတယ်။ မိနဲ့ဘဆိုတဲ့ မိဘနှစ်ဦးမှာ ဖခင်ဟာ သားသမီးရဲ့မေတ္တာနဲ့ နွေးထွေးမှုကို မိခင်လောက် မခံစားရဘူး။ တကယ်ဆို မိနဲ့ဘမှာ ဖခင်ဟာ အမိုးနဲ့တူပြီး မိခင်ကတော့ အကာနဲ့တူပါတယ်။ နေပူ ၊ မိုးရွာ ရာသီဥတုဒဏ်ကို အမိုးကအရင်ခံရတာပါ။ မုန်တိုင်းဒဏ်ကြံ့ကြံ့ခံမိုးပေးထားတဲ့ အမိုးဟာ လေနုအေးတိုက်ချိန်နဲ့ လရောင်သာချိန်မှာ ထီးထီး ရှိနေမယ် ၊ မိသားစုအတွက် လောကဒဏ်ခံ ရှာပေးထားတဲ့ဖခင်ဟာ မိသားစုမေတ္တာကို ခံစားသင့်သလောက် မခံစားရဘူးဆိုရင် ဘာများမှားနေသလဲနော်။ တကယ်ဆို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
BurmeseHearts Blog

အာဟာရချို့တဲ့သော ကလေးသူငယ်များ

အစာအာဟာရဟာ လူတို့အသက်ရှင်ရေးအတွက် မရှိမဖြစ်ပါ။ ဒီအစာအာဟာရအပေါ် မှီတင်းအသက်ရှင်နေရတဲ့ သတ္တဝါတွေအနက် နုနယ်တဲ့ လူသားကလေးသူငယ်တွေအတွက်လည်း အာဟာရပြည့်စုံစေဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကလေးမွေးဖွားလာပြီဆိုရင် ဆေးပညာဝန်ထမ်းတွေက အင်္ဂါစုံခြင်း ၊ မစုံခြင်းထက်ကို ကလေးပေါင်ပြည့် ၊ မပြည့် ပိုပြီး အလေးထားကြပါတယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ကလေးဟာ ပေါင်ပြည့်မှာဖြစ်ပြီး မရရှိခဲ့တဲ့ကလေးကတော့ ပေါင်မပြည့်နိုင်ဘူးပေါ့။ ဒါ့အပြင် နေ့မစေ့ လမစေ့ မွေးလာတဲ့ကလေးတွေဟာ ပေါင်မပြည့်ဖို့လည်း များနေပါတယ်။ မွေးကင်းစကလေးငယ်တွေကို နေ့စေ့လစေ့မွေးတဲ့ကလေးနဲ့ နေ့မစေ့ လမစေ့ မွေးလာတဲ့ကလေးဆိုပြီး နှစ်မျိုးခွဲခြား ပြောဆိုကြပါတယ်။ မိခင်ဝမ်းထဲ ရက်သတ္တပတ် (၃၇)ပတ်ကနေ (၄၂)ပတ်အတွင်း ကိုယ်ဝန်ဆောင်ပြီးမှ မွေးလာတဲ့ကလေးကို နေ့စေ့လစေ့ မွေးလာတဲ့ကလေးလို့ သတ်မှတ်ပြီး ဒီ့ထက်စောမွေးလာခဲ့ရင်တော့ နေ့မစေ့ လမစေ့ မွေးလာတဲ့ကလေးလို့ သတ်မှတ်ပါတယ်။ မြန်မာကလေးငယ်တွေကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

နှစ်လ မှ သုံးလအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

ကလေးဟာ မွေးကင်းစမှနေ ရက်သတ္တပတ် ရှစ်ပတ်ထဲရောက်လာရင် ဝူးဝူးဝါးဝါး စကားစတင်ပြောတတ်လာပါတယ်။ မိခင်က သူ့စကားပြောရင် သူကလည်း ဝူးဝူးဝါးဝါးပြန်ပြောတတ်ပြီး သူကြိုက်တာတွေ့ရင် ပြုံးတတ်လာပါတယ်။ တခါတရံမှာ မိခင်စကားပြောတာကို ငြိမ်ပြီးတော့လည်း နားထောင်တတ်ပါသေးတယ်။ ကလေးရဲ့ခေါင်းဟာ အနည်းငယ်ထောင်လာနိုင်ပေမယ့် မေးတော့ မလွတ်သေးပါဘူး။ နှစ်လကနေ သုံးလအရွယ်အတွင်းမှာ ကလေးဟာ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် လျော့နည်းလာပါမယ်။ ဒါပေမယ့် သူဟာ ကျန်းကျန်းမာမာပဲ ဆိုလို့ကတော့ စားမြဲသောက်မြဲပါပဲ။ သုံး ၊ လေးရက်နေလို့ ဝမ်းမသွားလဲ မစိုးရိမ်ပါနဲ့။ ကလေးဟာ ပုံမှန်စားသောက်နေတယ်ဆိုရင် စိတ်ပူစရာမရှိပါဘူး။ ကလေးဝမ်းမသွားလို့ ဝမ်းချူချင်တယ် ၊ သန့်သန့်ရှင်းရှင်း လုပ်နိုင်တယ်ဆိုတဲ့သူတွေအတွက် စင်္ကာပူက ဆရာဝန်တွေ ကျွန်မကို သင်ပေးလိုက်တဲ့နည်းလေး ပြန်ဝေမျှပေးပါရစေ ။ ချည်သားသန့်သန့်လေးကို ထိပ်မှာ ကလေးလိမ်းဆီ (Baby Oil)  […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

သိတဲ့အတိုင်းကျင့်ဖို့ဆိုရင် အစွဲကို အရင်ဖြတ်ပါမှ ဖြစ်မည်

ဤပို့စ်ဟာ ကလေးကို မိခင်နို့တိုက်တာ အကောင်းဆုံးလို့ စာပေ ဗဟုသုတတွေမှာ သိနားလည်ပါရက် မိခင်နို့တိုက်ရင်း ပထမကလေး ဆုံးပါးသွားရလို့ မိမိနို့ကြောင့် ကလေးဆုံးရတယ်လို့ စိတ္တဇဖြစ်သွားတဲ့ မိခင်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။ ပထမဆုံးကလေးဟာ မိခင်နို့တိုက်ရင်း ဆုံးပါးသွားရတဲ့အတွက် အမေဟာ သူ့နို့နဲ့ ကလေးမတည့်ဆိုတဲ့ အယူဝင်သွားပါတယ်။ ဒါကြောင့် ဒုတိယကလေး မွေးလာတော့ သူ့နို့မတိုက်တော့ဘဲ နို့ဗူးပြောင်းတိုက်ပါတယ်။ နို့ဗူးတိုက်ရာက ဝမ်းသွားပြီး ကလေးအခြေအနေဆိုးမှ ဆေးရုံရောက်လာပါတယ်။ ကလေးကို ဆရာဝန်တွေက ကုသပေးရင်း အမေကို မိခင်နို့တိုက်ခိုင်းတဲ့အခါမှ သူမနို့ကြောင့် ပထမကလေးဆုံးသွားလို့ ယခု ဒုတိယကလေးမှာ နို့ဗူးတိုက်ရတဲ့အကြောင်း ပေါ်လာပါတယ်။ ဆရာဝန်တွေက ပထမကလေးဟာ တခြားအကြောင်းကြောင့် ဆုံးပါးခဲ့နိုင်တာဖြစ်ပြီး မိခင်နို့ကြောင့် ဆုံးပါးခဲ့တာ မဟုတ်ဘူးလို့ အမေကိုရှင်းပြပြီး သက်သေပြတဲ့အနေနဲ့ ဆေးရုံပေါ်မှာ မိခင်နို့ကိုပဲ တိုက်စေပါတယ်။ ဒါ့အပြင် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
အယူအဆမမှန်တဲ့ ရှေးထုံးတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။

ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်မိခင်များ ကလေးများအတွက် အစာအာဟာရ အပိုင်း(၁)

ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်ကလေးမိခင်များ သိကောင်းစရာ အစာအာဟာရ ဗဟုသုတ အဖြာဖြာကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မြန်မာမိသားစုတွေက ရှေးရိုးယုံကြည်မှုအစွဲတွေနဲ့ အစားအသောက် ရှောင်ကြတဲ့ဓလေ့ရှိပါတယ်။ ကလေးကိုယ်ဝန်ဆာင်မှသည် ကလေးနို့တိုက်ကျွေးတဲ့မိခင်တွေဟာ ဟိုလူက ဒီဟာမစားနဲ့ ၊ ဒီလူက ဟိုဟာမတည့်ဘူးဆိုတဲ့စကားတွေအပေါ် နားယောင်ပြီး ဒီဟားလည်းရှောင် ၊ ဟိုဟာလည်းရှောင် လုပ်ရာက ကိုယ်ဝန်ဆောင်သည်မိခင်များ ၊ ကလေးမိခင်များဟာ အာဟာရဓါတ်ချို့တဲ့မှု ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနို့တိုက်မိခင်တွေကိုယ်တိုင်က အစားရှောင်ရင်း အာဟာရဓါတ်ချို့တဲ့လာတော့ ဒီမိခင်ရဲ့ အာဟာရဓါတ်ကိုမှ မှီတွယ်အားထားနေရတဲ့ ကလေးတွေဟာ သန်စွမ်း ကျန်းမာလာနိုင်ပါတော့မလား။ သူတို့တွေဟာလည်း အာဟာရဓါတ် ချို့တဲ့လာပါတယ်။ ရှေးရိုးအယူအဆတွေဖြစ်တဲ့ ငှက်ပျောသီးစားလို့ ကလေးချွဲထတယ် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
baby carrier

ကလေးတစ်လအရွယ်အတွင်း အပြင်ထွက်လျှင် လိုအပ်သောပစ္စည်းများ

ကလေးမီးဖွားပြီး တစ်ပတ်ကျော်လာလို့ အားလုံး ကျန်းကျန်းမာမာရှိတယ်ဆိုရင် မထွက်မဖြစ် ကလေးနဲ့အတူ အပြင်ထွက်ဖို့လိုလာတဲ့ မိဘအုပ်ထိန်းသူ (အထူးသဖြင့်)မိခင်ဟာ မိမိနဲ့ ကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တပါတည်း ဖြစ်နိုင်ရင်တအိတ်ထဲမှာ သယ်လာရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ကားနဲ့ အပြင်ထွက် သွားလာတတ်သူက ကလေးသီးသန့်ထိုင်ခုံ (Infant & Toddler car seat) လိုပါတယ်။ ကလေးကို မိခင်ကပိုက်ပြီး ကားစီးတာကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးပိုက်ထားတဲ့မိခင်က မောင်းသူဘေးကခုံမှာ မထိုင်သင့်ပါဘူး။ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မောင်းသူဘေးနားက ထိုင်ခုံမှာ ကလေးကိုရင်ခွင်ပိုက်ပြီး ထိုင်ခွင့်မပေးပါဘူး။ မတော်တဆ ကားတိုက်မှု ဖြစ်တဲ့အခါ အနောက်ကဝင်တိုက်ရင် ကလေးဟာ ကားရှေ့မှန်က လွင့်ထွက်ရင်ထွက် မထွက်ရင် အဲဒီကားရှေ့မှန်ကွဲရှလို့ ပိုပြီး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ကလေးပိုက်ပြီး အနောက်မှာထိုင်တာထက် အရှေ့မှာ ပိုအန္တရာယ်များပါတယ်။ ပုံမှာပြထားတဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်