Tag Archives | ကိုယ်ဝန်

မြီးကောင်ပေါက်ပျိုမေလေးများနှင့် အရွယ်ရောက်သမီးရှင်များ ဖတ်ရန်

မြီးကောင်ပေါက်လေးတွေဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုတွေ ၊ စိတ်ကစားမှုတွေ ၊ အချစ်ဆိုတာတွေကို သူ့အရွယ်အလိုက် ခံစားလာတတ်ကြပါတယ်။ တစ်ယောက်တည်း ကြိတ်စိတ်ကူးယဉ် စိတ်ကစားနေတာမျိုးဟာ ပူစရာမဟုတ်ပေမယ့် ရည်းစားသနာထားလာရင်တော့ စိတ်ပူတန် ပူရပါတော့မယ်။ ခုခေတ်က သမီးရည်းစားထားပြီဆိုတာနဲ့ အတူအိပ်မှ ချစ်တယ်ထင်နေတဲ့ခေတ်အဖြစ် ပြောင်းလဲလာလေပြီလား မသိဘူးနော်။ အထူးသဖြင့် ချစ်သူကိုလဲချစ် ၊ ယုံလဲယုံ ၊ တကိုယ်လုံးပုံလို့အပ်ချင်တယ်ဆိုတာ အချစ်လားဟင်လို့ သူတို့ကထင်ကြတယ် ၊ သူတို့ချစ်သူတွေကလည်း တကိုယ်လုံးပုံအပ်မှ တကယ်ချစ်တာလို့ ပြောဆိုစည်းရုံးကြမယ်ဆိုရင် တကိုယ်လုံး ပုံအပ်ဖြစ်တော့မှာပေါ့။ ဒီလိုမြီးကောင်ပေါက်အရွယ် မိန်းကလေးတွေ လိင်နဲ့ပတ်သက်တဲ့ အသိပညာမျိုး ဘယ်ကသိနိုင်မလဲ အတွေ့အကြုံရှိထားတဲ့ သူငယ်ချင်းတွေဆီက ၊ ချစ်သူရည်းစားရဲ့ ပြောစကားဆိုတာတွေကို အဟုတ်လုပ်ယုံရတာ မဟုတ်လား။ သူတို့ဟာ မိခင် ဖခင်ကိုလည်း ဖွင့်မေးလို့ရ၊ အဒေါ်ဦးလေးဆိုတာကိုလည်း […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
အယူအဆမမှန်တဲ့ ရှေးထုံးတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။

ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်မိခင်များ ကလေးများအတွက် အစာအာဟာရ အပိုင်း(၁)

ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်ကလေးမိခင်များ သိကောင်းစရာ အစာအာဟာရ ဗဟုသုတ အဖြာဖြာကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မြန်မာမိသားစုတွေက ရှေးရိုးယုံကြည်မှုအစွဲတွေနဲ့ အစားအသောက် ရှောင်ကြတဲ့ဓလေ့ရှိပါတယ်။ ကလေးကိုယ်ဝန်ဆာင်မှသည် ကလေးနို့တိုက်ကျွေးတဲ့မိခင်တွေဟာ ဟိုလူက ဒီဟာမစားနဲ့ ၊ ဒီလူက ဟိုဟာမတည့်ဘူးဆိုတဲ့စကားတွေအပေါ် နားယောင်ပြီး ဒီဟားလည်းရှောင် ၊ ဟိုဟာလည်းရှောင် လုပ်ရာက ကိုယ်ဝန်ဆောင်သည်မိခင်များ ၊ ကလေးမိခင်များဟာ အာဟာရဓါတ်ချို့တဲ့မှု ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနို့တိုက်မိခင်တွေကိုယ်တိုင်က အစားရှောင်ရင်း အာဟာရဓါတ်ချို့တဲ့လာတော့ ဒီမိခင်ရဲ့ အာဟာရဓါတ်ကိုမှ မှီတွယ်အားထားနေရတဲ့ ကလေးတွေဟာ သန်စွမ်း ကျန်းမာလာနိုင်ပါတော့မလား။ သူတို့တွေဟာလည်း အာဟာရဓါတ် ချို့တဲ့လာပါတယ်။ ရှေးရိုးအယူအဆတွေဖြစ်တဲ့ ငှက်ပျောသီးစားလို့ ကလေးချွဲထတယ် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မီးဖွားစဉ်အတွင်း မေ့သွားတဲ့ကျွန်မ

မီးဖွားခြင်း အတွေ့အကြုံ

ကိုယ်ဝန် (၃၄)ပတ်လောက်မှာ ကျွန်မတို့ အိမ်ပြောင်းရွှေ့ဖို့ဖြစ်လာတော့ အလုပ်တဖက်နဲ့ မအားမလပ်တဲ့ ခင်ပွန်းသက်သာရာ သက်သာကြောင်း အိမ်မှာတစ်ယောက်တည်းရှိနေတဲ့ကျွန်မက ခင်ပွန်းတားထားတဲ့ကြားက ထုပ်ပိုးပြင်ဆင်တာတွေ တနေကုန် ကုန်းလိုက် ၊ ကွလိုက် ၊ လိုအပ်ရင် မလိုက်နဲ့ ထုပ်ပိုးလိုက် ၊ ပြောင်းပြီးတော့လည်း ပစ္စည်းတွေ နေရာချလိုက် လုပ်ခဲ့တဲ့အတွက် ကိုယ်ဝန်(၃၅)ပတ်ထဲ တညမှာ ရေအိမ်ပဲ ထပ်ခါ ၊ ထပ်ခါ ဝင်ထိုင်နေရတော့တယ်။ ည(၁၂)နာရီအချိန်ကြီး ရေအိမ်မှာ မထတမ်း (ဝမ်းညှစ်တာမဟုတ်ဘဲ) ထိုင်ညှစ်နေရမှကျေနပ်နေတဲ့ ကျွန်မကို မူမမှန်ဘူးဆိုပြီး ခင်ပွန်းက ဆေးရုံခေါ်သွားပါတယ်။ ဆေးရုံရောက်တော့ စက်တွေနဲ့တပ်ပြီး သေချာစမ်းသပ်တော့ ကလေးမွေးချင်လို့ ဗိုက်နာတာ (သားအိမ်က ညှစ်အားပေးနေတာ) ဖြစ်နေတယ်။ ဒီတော့ စောင့်ကြည့်အနေအထားနဲ့ ကျွန်မကိုထားပြီး လိုအပ်ရင် ဆေးရုံတက်ဖို့ သဘောတူကြောင်း ဝန်ခံချက်ထိုးခိုင်းတယ်။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မီးဖွားခြင်း

ကလေးမီးဖွားခြင်းဆိုင်ရာ သိကောင်းစရာ

ကလေးမီးဖွားဖို့ ဆေးရုံတက်မယ့်မိခင်ဟာ အစာချက်ဖို့ ခက်ခဲတဲ့အစာတွေကို မစားလာရပါဘူး။ သစ်သီးဖျော်ရည်လေး ၊ ပေါင်မုန့်လေးလို ခပ်လွယ်လွယ်အစာချက်နိုင်မယ့်အစာကိုသာ စားခဲ့ရမှာဖြစ်ပါတယ်။ တချို့ဆေးရုံတွေက အဖတ်စားလာခွင့်မပြုဘဲ အရည်ပဲသောက်ခွင့်ပြုတာလည်း ရှိပါတယ်။ သဘာဝအတိုင်းမွေးတဲ့မိခင်တွေ ဗိုက်နာနေချိန် အစောပိုင်းမှာ ဆာလောင်နေရင် တချို့ဆေးရုံတွေက သကြားလုံးလိုမျိုး ၊ ရေလိုမျိုး ၊ ပေါင်မုန့်လိုမျိုးတွေကို အနည်းငယ်စားခွင့်ပြုပါတယ်။ (ဆေးရုံစည်းကမ်းပေါ် မူတည်နေပါတယ်)  အစားကန့်သတ်တာဟာ ဗိုက်နာနေချိန်မှာ အစာအိမ်ဟာ သာမန်အချိန်တွေလို ကောင်းကောင်း အလုပ်မလုပ်နိုင်လို့လည်း ဖြစ်ပါတယ်။ ကလေးမီးဖွားရင် ဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာ နှစ်မျိုးရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရောဂါအခံကြောင့်သော်လည်းကောင်း ၊ အသက်အရွယ်ကြောင့်သော်လည်းကောင်း ၊ မီးဖွားစဉ်နာကျင်မှုကို ကြောက်လို့လည်းကောင်း အကြောင်းအမျိုးမျိုးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဗိုက်ခွဲမွေးဖွားကြပါတယ်။ ဗိုက်ခွဲမွေးဖွားသူဟာ နာကျင်တဲ့ခံစားမှုကို ဗိုက်ခွဲမွေးဖွားစဉ်မှာ မသိဘူး။ ဗိုက်ခွဲမီးဖွားပြီးသွားမှ ဗိုက်ကခွဲကြောင်းဒဏ်ရာကို ဂရုစိုက်ရတာတွေရှိပါတယ်။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ရှောင်သင့်သည်များကို ရှောင်ပါမှ ကျန်းမာမည်။

ကိုယ်ဝန်ဆောင်သည်များ မဖြစ်မနေ ဆေးရုံသွားသင့်သည့် လက္ခဏာများ

သွေးတိုးခြင်း (သို့မဟုတ်) ဆီးထဲ ပရိုတင်းများနေခြင်း ကိုယ်ဝန် ရက်သတ္တပတ်နှစ်ဆယ်ကျော်သော ကိုယ်ဝန်ဆောင်သည် ဆယ်ဦးတွင် တစ်ဦးသည် ထိုလက္ခဏာမျိုးဖြစ်ပွားတတ်ကြောင်း သိရသည်။ ပထမဆုံး ကိုယ်ဝန်ဆောင်သည့် ကိုယ်ဝန်ဆောင်သည် ငါးဦးတွင် တစ်ဦးဟာ ထိုလက္ခဏာမျိုး ဖြစ်ပွားတတ်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်ကာ ရက်သတ္တပတ်(၃၇)ပတ်ကျော်သော ကိုယ်ဝန်ဆောင်သည်အများစုဟာ ထိုလက္ခဏာမျိုး ခံစားရတတ်ကြောင်း သိရသည်။ အထူးသဖြင့် ခေါင်းကိုက်ခြင်း ၊ မူးဝေခြင်း ၊ မအီမသာပျို့အန်ခြင်း၊ အမြင်ဝေဝါးကာ အမြင်နှစ်ထပ်ဖြစ်ခြင်း ၊ ယေဘူယျအားဖြင့် ဗိုက်အထက်ပိုင်း နာကျင်ကာ နေလို့ထိုင်လို့မကောင်းကြောင်း သိရသည်။ တချို့သော ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်ဆောင် ဒုတိယကာလအတွင်း၌သော်လည်းကောင်း ၊ မီးဖွားစဉ်နှင့် မီးဖွားပြီး (၄၈)နာရီအတွင်း တိုင်အောင် ထိုလက္ခဏာမျိုးကို ခံစားရတတ်ကြောင်း သိရသည်။ ဒါဟာ သွေးတိုးခြင်း တစ်ခုသာမဟုတ်ဘဲ ဆီးထဲတွင်ပါဝင်နေသည့် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ကိုယ်ဝန်ဆောင်စဉ်ကာလ ခံစားမှုနှင့် အတွေ့အကြုံ

နေ့ခင်းဘက် အိပ်လေ့မရှိတဲ့ ကျွန်မဟာ စာဖတ်ရင်း အိပ်ပျော်သွားတာမျိုး ၊ ကွန်ပျူတာကြည့်ရင်း အိပ်ပျော်သွားတာမျိုးတွေ ဖြစ်ပြီးနောက် ထူးခြားတဲ့ခံစားမှုကြောင့် ဆီးစစ်ရင်း ကိုယ်ဝန်ရှိကြောင်း သိခဲ့ရတာပါ။ ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးမှ ရလာတဲ့ ဦးဆုံးသန္ဓေသားမို့ အစစ ဂရုစိုက်ပါတယ်။ အစာမစားနိုင်တဲ့အခါ ၊ အော့အန်နေတဲ့အခါတိုင်း ဒီအဆင့်ကို ကျော်လွန်ချင်မိတယ်။ ကျွန်မကတော့ ကိုယ်ဝန်လေးလခွဲ ၊ ငါးလလောက်အထိ အော့အန်လို့ကောင်းတုန်းပါပဲ။ အဲ့ဒီနောက်ပိုင်းမှ အတော်အဆင်ပြေသွားတယ်။ ကိုယ်ဝန်ခိုင်သွားပေမယ့် Down syndrome မစစ်ပြီးမချင်း ကျွန်မ စိတ်မချနိုင်သေးပါဘူး ။ ရလဒ်မသိမချင်း ကိုယ်လွယ်ထားတဲ့ ရင်သွေးလေးအတွက် ကျွန်မစိတ်ပူမိပါသေးတယ်။ ကိုယ်ဝန် (၁၂)ပတ်နဲ့ (၆)ရက်တိတိမှာ Down syndrome စစ်ပြီး ချက်ချင်းကို အဖြေသိရပါတယ်။ ကျွန်မက ကျွန်းမာရေးနဲ့ပတ်သက်လို့ ဘာပဲစစ်စစ် အဲဒီစစ်ချက်အဖြေကို ကော်ပီတောင်းပါတယ်။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
မိန်းမသားဘဝ

ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝ

သန္ဓေတားနည်းအထွေထွေ ၊ ရက်ရှောင်နည်းအထွေထွေစတဲ့ လိင်ပညာပေး သင်ခန်းစာတွေကို မျှဝေပေးနေတဲ့ စေတနာကို မသင်ချင်သော သင်ခန်းစာ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကိုက ကိုယ်တိုင်မိန်းမသားမို့ မိန်းမသားဘဝကို ကိုယ်ချင်းစာနာလို့ ဖြစ်ပါတယ်။ တကယ်လို့များ မလိုချင်တဲ့ကိုယ်ဝန်ရခဲ့ရင် ၊ ဒီကိုယ်ဝန်ရဲ့တာဝန်ယူဖို့ အစစအရာရာ အဆင်သင့်မဖြစ်သေးရင် မွေးလာမယ့်ရင်သွေး နောင်ရေးနဲ့  ထိုအိမ်ထောင်စု နောင်ကြုံတွေ့ရမယ့် ဘဝအခက်အခဲကို စာနာလို့ မျှဝေခြင်းဖြစ်ပါတယ်။ ၁။ မလိုချင်တဲ့ရင်သွေးကို ဖျက်ချမယ်ဆိုရင် အမျိုးသမီးကပဲ ဖျက်ချရတာပါ။ လွယ်မွေးရမယ်ဆိုလည်း အမျိုးသမီးက လွယ်မွေးရတာပါ။ ၂။ တားဆေးတွေကို အမျိုးသမီးတွေကပဲ သုံးကြရတယ်။ အဲဒီတားဆေးအထွေထွေရဲ့ Side Effect တွေကိုလည်း အမျိုးသမီးတွေပဲ ခံကြရတယ်။ ၃။ မွေးလာတဲ့သားသမီးတွေကို နို့ချိုတိုက်ကျွေး ၊ ပြုစုထိန်းသိမ်းသွားဖို့ဆိုတာလည်း  အမျိုးသမီးတွေဖြစ်တဲ့ မိခင်တွေက […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
9th month

ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်း

ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်းရောက်လာပြီဆိုရင်ဖြင့် သားအိမ်အနေအထားက အောက်ဘက်ကိုချဲ့ထွင်လာတာမှာ အစာအိမ်ဘက်ကို ခေတ္တအစားထိုး ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်သည်မိခင်လောင်းဟာ ရင်ပူတာတွေ ၊ အစာမကျေသလိုဖြစ်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။ နှလုံးနဲ့ အဆုတ်ဟာလည်း ဖိအားကြောင့် အသက်မရှူနိုင်အောင် ဖြစ်တာတွေ ၊ နှလုံးတုန်တာ ၊ ရင်တုန်ပန်းတုန်ဖြစ်တာတွေ ၊ နှလုံးခုန်မြန်တာတွေကိုလည်း မကြာခဏဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။ ဆီးအိမ်ကို ကလေးရဲ့ဦးခေါင်းပိုင်းက ဖိသားသလိုအနေအထား ဖြစ်နေတာကြောင့် ဆီးဝမ်းမထိန်းနိုင်တာတွေ ၊ ဆီးအကြိမ်ကြိမ်သွားတာတွေကိုလည်း ကြုံတွေ့ရပါတယ်။ ဆီးမကြာခဏသွားတဲ့ ဆီးအိတ်ရောင်နာ အန္တရာယ်ရှိနေနိုင်တဲ့အတွက် အဲဒီလိုဖြစ်မသွားဖို့ရာ မိမိရဲ့အတွင်းခံကို ခဏ ခဏလဲပေးသင့်ပါတယ်။ မိန်းမကိုယ်ကိုလည်း သန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ဆီးခုံရိုးနဲ့  ခြေထောက်အထက်ပိုင်း အစစ်တွေက နာကျင်မှုတချို့ကိုလည်း ခံစားရနိုင်ပါတယ်။ မွေးဖွားချိန်နီးကပ်လာတဲ့အတွက် သန္ဓေသားရဲ့ဦးခေါင်းက ဆီးခုံရိုးကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
8th month

ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း

ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်းမှာ ဗိုက်ထဲက ကလေးလှုပ်ရှားတာ အကြမ်းဆုံးလို့ ဆိုနိုင်ပါတယ်။ တခါတရံ မိခင်လောင်းတောင် နာကျင်သွားတဲ့အထိ ဗိုက်ထဲက ကလေးလှုပ်ရှားနိုင်ပါတယ်။ သန္ဓေသားရဲ့ ဒီလို ကြမ်းကြမ်းတမ်းလှုပ်ရှားမှုတွေကြောင့် မိခင်မှာ မသက်မသာခံစားချက်မျိုးလည်း ဖြစ်ပေါ်စေတယ်။ တချိန်တည်းမှာပဲ မိခင်ဟာ ဗိုက်က အဆီတွေတက်လာပါတယ်။ ဒါဟာ သန္ဓေသားကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။ ဒီလို ဗိုက်အဆီတွေတက်လာတာကြောင့် ဗိုက်ကြောပြတ်တာတွေကိုလည်း တိုးပြီးဖြစ်ပေါ်စေနိုင်တယ်။ ကိုယ်ဝန် ရက်သတ္တပတ် (၂၈)ပတ်မှ (၃၁)ပတ်အတွင်း လက်မောင်းတွေ ၊ ခြေထောက်တွေ ခဏ ၊ ခဏ ယောင်လာနိုင်တယ်။ မနက်ကအကောင်း ညနေမှာ ယောင်နေတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ တခဏတာဖြစ်တာပါ။ ကိုယ်နေရ ၊ ထိုင်ရ ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်ကောင်းတယ်လို့ ခံစားရရင် ကိုယ်ဝန်ဟာ စိုးရိမ်စရာမရှိပါဘူး။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
7 mon

ကိုယ်ဝန် ရက်သတ္တပတ် (၂၄)ပတ်မှ (၂၇)ပတ်အတွင်း

ကိုယ်ဝန် ရက်သတ္တပတ် (၂၄)ပတ်မှ (၂၇)ပတ်အတွင်း မှာတော့ ဟော်မုန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး ဗိုက်ကလည်း ပူသထက် ပူလာပြီပေါ့။ ထိုကာလအတွင်းမှာ နောက်ကျောအောက်ပိုင်းနဲ့ အလယ်ပိုင်းတွေ နာကျင်တတ်ပါတယ်။ ကလေးကာ ပိုသန်သန်မာမာ ခပ်ကြမ်းကြမ်းလေး လှုပ်ရှားလာနိုင်ပြီး ခဏ ၊ ခဏဆိုသလို လှုပ်တတ်ပါတယ်။ တနေကုန်နေလို့မှ လုံးဝမလှုပ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်ရယူပါ။ ကိုယ်အိပ်နေချိန် အထူးသဖြင့် ညပိုင်းတွေမှာ ဗိုက်ထဲက ကလေးလည်း အိပ်ပျော်နေတတ်ပါတယ်။ ကိုယ်အိပ်ပေမယ့် သူနိုးပြီး လှုပ်ရှားလို့ ကိုယ်လန့်နိုးရတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မနက်ပိုင်း ၊ နေ့လည်ပိုင်းတွေမှာတော့ ဗိုက်ထဲက ကလေးလည်းနိုး ၊ ကိုယ်လည်းနိုးဖြစ်ပြီး သူလည်းလှုပ်လှုပ်ရှားရှား ၊ ကိုယ်လည်း လှုပ်လှုပ်ရှားရှားပေါ့။ ဒီနေရာမှာ အလုပ်လုပ်နေတဲ့ မိခင်တွေကတော့ အလုပ်ဇောကြောင့် ၊ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်