လူ့ဘဝတသက်တာမှာ သင်ယူမှုမြင့်မားဆုံးအချိန်ဟာ တစ်နှစ်အောက်အရွယ်ဆိုတာ မှန်သလား?

0

မွေးကင်းစကလေးလေးပဲ ဘာသိဦးမှာလဲ။ ကလေးပဲရှိသေးတာ ဘာသိဦးမှာလဲလို့ ကိုယ်တွေ ထင်မြင်ယူဆနေတာတွေဟာ မှားယွင်းနေပါတယ်။

တကယ်ဆို မွေးကင်းစကနေ တစ်နှစ်အောက် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု သင်ယူနိုင်စွမ်းဟာ ဘဝတလျောက်လုံးမှာ အမြင့်ဆုံးဖြစ်လို့နေပါတယ်။ ဘယ်လောက်အထိ သင်ယူနိုင်စွမ်း ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း မြင့်မားသလဲဆိုရင် သာမာန်အချိန်တွေထက် နှစ်ဆ မြင့်မားလို့ နေတယ်လို့ လေ့လာတွေ့ရှိခဲ့တာပါ။

ဒါကြောင့်မို့လို့ တစ်နှစ်အောက် ကလေးတွေကို မိဘမေတ္တာ ၊ နွေးထွေးမှု ၊ ချစ်ခင်မှု ၊ ဂရုစိုက်စောင့်ရှောက်မှုဆိုတာတွေကို အကောင်းဆုံး ပေးသင့်တဲ့ အချိန်ပါ။

You might also like
Leave a comment