ကလေးသူငယ်များ၏စိတ် နဂိုမူရင်းစိတ်ထားနဲ့ လုပ်ရပ် ဘာကြောင့်ကွဲလာသလဲ? Last updated Jun 25, 2020 0 Share လိုချင်ရမက်လောဘတွေ ဖုံးသွားတဲ့အခါမှာ ကိုယ့်နဂိုမူရင်းစိတ်ထားနဲ့ လုပ်ရပ်ဟာ ကွဲလာတော့တယ်။ နဂိုစိတ်ထားကောင်းသူတွေဖြစ်နေသည့်တိုင် နေ့တဓူဝ ဆဲဆိုသံကြီးပဲ ကြားနေရတဲ့အရပ်မှာ နေထိုင်နေရရင် ဒီအရပ်က မပြောင်းနိုင်သရွေ့ ဆဲဆိုမှုတွေမှာ ယဉ်းပါးပြီး ကိုယ်တိုင်လည်း ဆဲဆိုလာတတ်ပါတယ်။ အဖန်ဖန်နှိပ်စက်မှုခံ ၊ အခိုင်းခံခဲ့ရသူတွေက အလှည့်သာတာနဲ့ တပါးသူကို နှိပ်စက်ဖို့ ၊ ခိုင်းဖို့ကိုပဲ ရှာကြံတွေးတယ်။ သူများကို စိတ်ဒုက္ခပေးလိုက်ရမှ ကျေနပ်တယ်။ ဒီအတိုင်းပဲ လိမ်ခြင်း ၊ ခိုးခြင်း ၊ လုယက်ခြင်း နဲ့ အခြားဒုစရိုက်လွှမ်းတဲ့ ဝန်းကျင်မှာ နှစ်ရှည်ကြီး နေထိုင်ကြီးပြင်းလို့ အသက်မွေးဝမ်းကျောင်း ပြုရမယ်ဆိုရင် နဂိုစိတ်ထားကောင်းသူဟာလည်း သူ့ရဲ့ မူလစိတ်ရင်းနဲ့ သွေဖီလုပ်ကိုင်လာတတ်ပါတယ်။ Myanmar videoကလေးသူငယ်များ၏စိတ် 0 Share FacebookViberWhatsAppLinkedinTwitter