
ကလေးတွေ သိမ်ငယ်စိတ်ဝင်နေတာကို ဘယ်လိုသိနိုင်မလဲ?
ကလေးတွေ သိမ်ငယ်စိတ်ဝင်နေတာကို ဘယ်လိုသိနိုင်မလဲ။ သိမ်ငယ်စိတ်ဖြစ်နေတဲ့ ကလေးငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိကြပါဘူး။ မိမိဘာသာ သို့မဟုတ် လူကြီးမိဘတစ်ဦးဦးက သူ့စိတ်ကို လမ်းလွှဲပြောင်းပြီး စိတ်ဓါတ်မြင့်တက်လာအောင် ၊ ကြိုးစားချင်စိတ်ရှိလာအောင် စိတ်ဓါတ်အင်အား မပေးနိုင်သရွေ့ သူတို့ဟာ ဘဝမှာ ယုံကြည်ချက်ခိုင်ခိုင်မာမာ မရှိကြပါဘူး။
သူငယ်ချင်းတွေနဲ့ သွက်လက်ကောင်း သွက်လက်နေပေမယ့် သူသိမ်ငယ်စိတ်ဖြစ်ပေါ်ရာ ဝန်းကျင်နေရာ နေအိမ် ၊ ပတ်ဝန်းကျင် ၊ ကျောင်း ၊ ကျူရှင် စသဖြင့်တို့မှာ ဆိတ်ငြိမ်သူတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ဒီ့ထက်ဆိုးလာရင်တော့ နေရာတိုင်းလိုလိုမှာ ဆိတ်ငြိမ်စွာ မရယ်မပြုံး ထိုင်ကြည့်နေတဲ့ ကလေးသူငယ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကို ငါ့ကလေး သိပ်အေးတာပဲလို့ အယူမမှားစေချင်ဘူး။ ကလေးအေးတာနဲ့ သိမ်ငယ်စိတ်ဝင်နေတဲ့ကလေးဆိုတာကိ