
ကလေးအလှုပ်နည်းလာခြင်းဟာ ဘာကြောင့်လဲ?
ကိုယ်ဝန်ဆောင်မိခင် အနားယူသောအချိန်တွင် ကလေးဟာ ဗိုက်ထဲတွင် အလှုပ်အများဆုံး အချိန်ဖြစ်ကြောင်း သိရသည်။
တကယ်ဆို အလုပ်များမြောင်လှသော မိခင်က မိမိဘာသာ ရှုပ်နေသည့်အတွက် ကလေးလှုပ်တာကို သတိမထားမိဘဲ မိမိအနားယူချိန်မှ ကလေးလှုပ်တာကို သတိထားမိ၍ ဖြစ်ကြောင်း ၊ မိမိအနားယူချိန်မှ ကလေးဟာ ပိုလှုပ်တာမျိုးမဟုတ်ဘဲ ကလေးလှုပ်တာကို မိမိအနားယူချိန်မှ ပိုသတိထားမိတာသာ ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ညနေပိုင်းနှင့် ညအိပ်ရာဝင်ချိန်များတွင် ဗိုက်ထဲမှ ကလေးလှုပ်တာကို ကိုယ်ဝန်ဆောင်မိခင်များ ပိုသတိထားမိခြင်းဖြစ်ကြောင်း သိရသည်။
အချိန်(၁၂)နာရီအတွင်း ဗိုက်ထဲမှကလေးဟာ ဆယ်ကြိမ်ထက်မနည်း ကန်တာကို မိခင်က သိရှိခံစားနိုင်ပေသည်။ ဗိုက်ထဲကကလေး ဒီ့ထက်ပိုကန်လျှင် စိုးရိမ်စရာ မဟုတ်ပေမယ့် ကလေးလှုပ်ရှားတာကို (၁၂)နာရီအတွင်း လုံးဝမခံစားရလျှင်သော်လည်းကောင်
မမွေးဖွားမီ ဗိုက်ထဲသေဆုံးသွားခဲ့သော ကလေးငယ်များဟာ ထိုကဲ့သို့ ဗိုက်ထဲ လှုပ်ရှားသည့် အကြိမ်ရေနည်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။