
ကိုယ်ဝန်ဆောင်မိခင်လောင်းများ ရင်ပူခြင်း / အစာမကြေခြင်း ဘာကြောင့်ဖြစ်ရတယ်?
ကိုယ်ဝန်ဆောင်သည်များသည် ရင်ပူခြင်း ၊ လည်ချောင်းအတွင်း ပူခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားပါက အစာစားလျှင် နည်းနည်းနှင့် မကြာခဏဆိုသလို စားပေးပြီး အစပ်တွေ ၊ အဆီတွေ ၊ အရမ်းအေးသောရေနှင့် ဖျော်ရည်များ ၊ အေးသောအရာတို့ ရှောင်ရှားသင့်သည်။
အရက် ၊ ကော်ဖီ နှင့် ချောကလက်တို့သည် ထိုကဲ့သို့ဖြစ်ပွားခြင်းအား ပိုမိုဆိုးရွားစေကြောင်း သိရသည်။ ဖြစ်နိုင်လျှင် ခေါင်းအုန်းမှီပြီး တည့်မတ်စွာ ထိုင်သင့်ကြောင်း သိရသည်။