
ကိုယ်ဝန်ရှိ ၊ မရှိ သိဖို့ ဆီးစစ်ကိရိယာဖြင့် ဘယ်လို စစ်ဆေးကြည့်နိုင်မလဲ?
မိမိဝယ်သော ဆီးစစ်ကိရိယာတွင်ပါသည့် အသုံးပြုနည်းအတိုင်း မနက်အစောပိုင်း ပထမဆုံးအကြိမ်သွားသည့် ဆီးဖြင့် စမ်းသပ်စစ်ဆေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် hCG (human chorionic gonadotropin) ဟုခေါ်သည့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပေါ်နေသော ဟိုမုန်းများသည် မနက်ပိုင်းဆီးသွားချိန်တွင် ပမာဏအများဆုံး ဆီးထဲ၌ ပါဝင်နေသောကြောင့်ဖြစ်သည်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘဲ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။
မနက်အစောပိုင်း ကိုယ်ဝန်စစ်ဆေးမှု မလုပ်နိုင်ကြသူများအနေဖြင့် ရေကိုမိမိသောက်နေကျထက် လျှော့သောက်ပြီး အနည်းဆုံးလေးနာရီ ဆီးမသွားဘဲ ထိုနောက်ပိုင်း ပထမဆုံးအကြိမ်သွားသည့်ဆီးအား ဆီးစစ်ကိရိယာဖြင့် စမ်းသပ်နိုင်ကြောင်းလည်း သိရသည်။ ဆီးအတင်းသွားအောင် ရေတဝကြီးတော့ မသောက်ပါနဲ့။ ဟော်မုန်း ရေရောသလို ဖြစ်နိုင်တယ်။