Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
Burmese Hearts ပရိသတ်သို့ အသိပေးကြေငြာချက် – BurmeseHearts

Burmese Hearts ပရိသတ်သို့ အသိပေးကြေငြာချက်

0

၂၀၁၁ မှ ၂၀၁၅ ငါးနှစ်တာကာလအတွင်း Burmese Hearts.com ကနေ သတင်းတွေကို ဦးစားပေးတင်ပြခဲ့ပြီး အခြား သုတ ၊ ရသ အဖြာဖြာကိုလည်း ဖော်ပြပေးခဲ့ပါတယ်။

Burmese Hearts ပေါ်ပေါက်လာပုံ

Burmese Hearts စတင်ခဲ့သော ၂၀၁၁ ခုနှစ်မှာ သတင်းတွေဟာ ယခုကာလလိုမျိုး facebook ပေါ်နှင့် မြန်မာသတင်းဝက်ဘ်ဆိုဒ် အမျိုးမျိုးပေါ်မှာ ခေတ်မစားသေးတဲ့အတွက် သတင်းစုံ နဲ့ သတင်းအမှန် တနေရာတည်းမှာ (သတင်းခေါင်းစဉ်နှင့် link ပေးထားရုံမဟုတ်ဘဲ) အကုန်ဖတ်ရှုနိုင်ဖို့ Burmese Hearts ပေါ်ပေါက်လာခဲ့ပါတယ်။

link ဖော်ပြပေးရခြင်း ရည်ရွယ်ချက်

Burmese Hearts မှ ဖော်ပြပေးခဲ့သော သတင်းများအဆုံးတွင် မူရင်းသတင်း Source အနေနဲ့ မူရင်း သတင်းဌာနအား link ပေးထားပါတယ်။ ဖော်ပြထားသော သတင်းဟာ မည်သည့်သတင်းဌာနကလာ၍ မည်သို့ ဖော်ပြပေးထားတာကို သွားရောက်ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်အောင်လို့ ဖြစ်ပါတယ်။

တကယ့် ရည်ရွယ်ရင်းမှာ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာပြန် သတင်းများအတွက် ဖြစ်ပါတယ်။ Burmese Hearts စာဖတ်ပရိသတ်များအား စိတ်ဝင်စားဖွယ်ရာ သတင်းကနေတဆင့် မူရင်း link ကို ကလစ်နှိပ်ပြီး အင်္ဂလိပ်လို ရေးသားထားတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ဖတ်ရှုနိုင်အောင်လည်း ဖြစ်ပါတယ်။

သတင်းတွေဟာ အကြောင်းအရာစုံလင်တဲ့အတွက် အင်္ဂလိပ်ဝေါဟာရ ပိုမိုတိုးတက်လိုသူတွေအဖို့ အင်္ဂလိပ်သတင်းများ ဖတ်ရှုခြင်းဟာ အထူးကောင်းမွန်လှပါတယ်။ မြန်မာလို ခပ်ရေးရေး သိပြီးသား အကြောင်းအရာတွေကို အင်္ဂလိပ်လို ပြန်ဖတ်ရှုပြီး မိမိဘာသာ နားလည်သဘောပေါက်လာခြင်းဟာ ဝေါဟာရသစ်တွေ ပိုတိုးစေပါတယ်။ ဒါ့အပြင် စာကြောင်းဆက်စပ် တည်ဆောက်မှု ဝါကျတွေကိုလည်း မျက်စိက ကျင့်သားရလာတဲ့အတွက် သဒ္ဒါပိုင်းမှာလည်း တိုးတက်လာပါတယ်။

တချို့သတင်းတွေမှာ ဗွီဒီယိုသတင်း link များ ပေးထားသဖြင့် အကြားစွမ်းရည်တိုးတက်ပြီး ၎င်းတို့ဘယ်လို အသံထွက်ပြောဆိုတာကို နားကကျင့်သားရလာတဲ့အခါ ကိုယ်တိုင် အသံထွက်မှန်လာတဲ့အပြင် တဖက်က ပြောလာတဲ့ အင်္ဂလိပ်ဘာသာစကားတွေကိုလည်း နားလည်လွယ်လာပါတယ်။

ထိုကဲ့သို့ မြန်မာဘာသာပြန် သတင်းမှ စိတ်ဝင်စားသူများအနေဖြင့် မူရင်းသတင်းဌာနတွင် ဝင်ရောက်ဖတ်ရှုရင်း Burmese Hearts က အလွဲတွေ ဘာသာပြန်ထားရင်လည်း ထောက်ပြနိုင်အောင် (ဘယ်သူမှ Perfect မဖြစ်နိုင်ဘူးလေ) ၊ ကိုယ်တိုင်လည်း ဖတ်ရှုလေ့လာနိုင်အောင် မူရင်း link များအား ဖော်ပြပေးခဲ့ပါတယ်။

သတင်းမှသည် ပညာရေးကဏ္ဍသို့ ပြောင်းလဲခြင်း

သတင်းတွေဟာ အခုအချိန်မှာ facebook ပေါ်နှင့် အခြား သတင်းဝက်ဆိုဒ်တွေပေါ်မှာ စုံစုံလင်လင် တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ထို့အတွက်  Burmese Hearts က လမ်းကြောင်းပြောင်းပြီး သတင်းမှသည် အခြားလိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းချင်ပါတယ်။

ရွေးချယ်လိုက်တာကတော့ ပညာရေးကဏ္ဍပါ။ ကလေးငယ်တွေဟာ အလွတ်ဖတ်မှတ်လေ့လာရတဲ့  စာအုပ်ထဲက အဖြူအမည်း ရိုက်နှိပ်ဖော်ပြထားတဲ့ အကြောင်းအရာတွေကို လက်တွေ့ပြင်ပမှာ ပြန်မှတ်မိ အသုံးချနိုင်ဖို့ အားနည်းလှပါတယ်။

ဆက်စပ်တွေးခေါ် အသုံးပြုနိုင်ဖို့ အလေ့အကျင့် ၊ ကိုယ်ပိုင် ဆန်းသစ်ဖော်ပြနိုင်တဲ့ အရည်အသွေးတွေဟာ မူရင်းဖတ်မိသိရှိတာတွေပေါ် အခြေခံပြီးမှ ဖြစ်ပေါ်လာတဲ့အတွက် အခြေခံဗဟုသုတဟာ အရေးကြီးတယ်လို့ ယူဆတာမို့  ပညာရေးကဏ္ဍမှာ နိုင်သလောက် ဖြည့်စွက်ပေးနိုင်ဖို့ ဦးတည်ချက်ပြောင်းလိုက်ပါတယ်။

ယခု မြန်မာနိုင်ငံမှာ အင်တာနက်ကို ဖုန်းကနေတဆင့် အလွယ်တကူ သုံးစွဲလာနိုင်ပြီဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုလို့ရနိုင်သော Electronic Device တွေကနေ လေ့လာနိုင်မယ့် ပညာရေးကဏ္ဍကို မိတ်ဆက်လိုက်ပါတယ်။

မအားမလပ် အချိန်တွေကြားက ကိုယ်ပိုင်ငွေနဲ့ စေတနာအရင်းခံပြီး တတ်နိုင်သလောက်လေး စတင်လိုက်တဲ့ အွန်လိုင်းပညာရေးကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုးလာဖို့ ၊ အကြောင်းအရာစုံကို လေ့လာသင်ယူနိုင်အောင် တင်ဆက်နိုင်ဖို့ Burmese Hearts က ဆက်ကြိုးစားသွားမှာပါ။

ကလေးသူငယ်များသာမက သင်ယူလေ့လာချင်စိတ် ရှိသူများအတွက်လည်း Burmese Hearts မှတဆင့် သင်ယူလေ့လာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ယခုမှ အစဖြစ်တဲ့အတွက် Course တွေ ပိုမိုတိုးတက် ဖွံ့ဖြိုးလာပြီး ကဏ္ဍစုံကို သင်ယူလေ့လာနိုင်ဖို့ရာ သင်ပြနိုင်သော ၊ သင်ပြလိုသော သူများကို Burmese Hearts မှ ဖိတ်ခေါ်လိုက်ပါတယ်။

လက်ရှိတွင် အခမဲ့လေ့လာနိုင်သော Course များအား တင်ဆက်ထား၍ အခကြေးငွေ အနည်းငယ်ဖြင့် ကိုယ်အဆင်ပြေတဲ့အချိန် လေ့လာသင်ယူနိုင်အောင် Burmese Hearts မှ အခပေး Course များအားလည်း နောက်ပိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ထိုအခပေး Course များကို သင်ကြားနိုင်သော ၊ သင်ကြားလိုသောသူများအနေဖြင့် Burmese Hearts အား ဆက်သွယ်၍ အသေးစိတ် စုံစမ်းနိုင်ပါတယ်။ ကိုယ်သင်ပြမှုကောင်းရင်ကောင်းသလို မိမိသင်သော Course များအား သင်ယူသူ များပြားမည်ဖြစ်သည့်အတွက် ဝင်ငွေဖြောင့်မည့် အခွင့်အလမ်းပါ။

သင်ယူလေ့လာနေရင်း ခဏတာ စိတ်အပန်းဖြေ၍ ဂိမ်းကစားလိုသူများအတွက်ကိုလည်း Burmese Hearts မှ ဂိမ်းများ တင်ဆက်ပေးသွားမှာပါ။ ထိုဂိမ်းများတွင် Download လုပ်၍ ကစားနိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ယနေ့မှစတင်မည့် အွန်လိုင်း ပညာရေးကဏ္ဍအား မိတ်ဆက်လိုက်သော Burmese Hearts ၏ Course များအား ကိုယ်ပိုင်ရာ ၊ နိုင်ရာ နှုတ်အားဖြင့်သော်လည်းကောင်း ၊ အွန်လိုင်း Status မှသည် လည်းကောင်း ဖြန့်ဖြူးပေးခြင်း ၊ ဝိုင်းဝန်းအားပေး ကူညီသင်ကြားပို့ချကြခြင်းဖြင့် မြန်မာ့ အနာဂါတ်ခေါင်းဆောင်များအား အားပေးမြှင့်တင်လိုက်ကြပါစို့နော်။

Burmesehearts.com

You might also like