Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း

0

6 month

ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း ရောက်လာပြီဆိုရင်တော့ ဗိုက်ထဲက သန္ဓေသားဟာ ကြီးထွားသထက် ကြီးထွားလာပြီး လှုပ်ရှားမှု များသထက်များလာပါတယ်။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သွေးအားမြင့်တက်လာတတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်လာပြီး အမောအပန်းမခံနိုင်တာတွေ ၊ မောဟိုက်မှုတွေလည်း ဖြစ်လာပါတယ်။

အလေးချိန်မြင့်လာတဲ့ ဗိုက်ကြောင့် ခါးနာနိုင်စေမယ့် အလေးအပင်ပစ္စည်း မတာမျိုးတွေ ၊ အကုန်းအကွများတဲ့ အလုပ်မျိုး လုပ်ကိုင်တာမျိုးတွေကို စိတ်လိုက်မာန်ပါ မလုပ်မိအောင် သတိထားရပါမယ်။ အလေးအပင်မတဲ့အခါ ခြေထောက်ယောင်တာမျိုးတွေ ၊ ခါးနာတာမျိုးတွေအပြင် တခြား ပြဿနာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း ရောက်လာရင်ဖြင့် တချို့သော မိခင်လောင်းများဟာ အဝါရောင်ခပ်ပြေးပြေး နို့ရည်တွေ ထွက်လာတာမျိုးကိုလည်း ကြုံတွေ့နိုင်ပါတယ်။

ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း သန္ဓေသားဟာ (၃၀)စင်တီမီတာ အရွယ်ရောက်လာပြီဖြစ်ကာ အလေးချိန်မှာ (၅၀၀)ဂရမ် ရှိနေပါပြီ။ မျက်ခုံးနဲ့ မျက်တောင်တွေဟာ ဖွံ့ဖြိုးပြီးဖြစ်ကာ မျက်လုံးဖွင့်လာနိုင်ပြီပေါ့။

ကိုယ်တွင်းဟော်မုန်း မမျှတတာကြောင့် မိခင်လောင်းဟာ ခေါင်းက ဆံပင်ကျွတ်တာမျိုး ကြုံတွေနိုင်ပါတယ်။ ကိုယ်ပေါ်က အမွှေးအမျှင်တွေကတော့ ထူထဲလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်တုန်း တခဏတာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ကလေးမွေးပြီးလို့ ရာသီပြန်ပေါ်လျှင်ဖြင့် ယခင်အတိုင်း သူ့အလိုလို ပြန်ဖြစ်သွားမှာပါ။ ကိုယ်ဝန်ဆောင်တုန်း ဆံပင်ကျွတ်သက်သာအောင် နို့နဲ့လုပ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်တွေကို ဂရုတစိုက် လျှော်ပေးရမှာဖြစ်ပါတယ်။

အစိမ်းရောင် အသီးအရွက်တွေ ၊ ကျောက်ပွင့်တို့ ၊ ပင်လယ်ရေညှိတို့ ခပ်များများ စားပေးပြီး အသားကိုလည်း မျှတစွာ စားပေးရမှာဖြစ်ပါတယ်။

ဖခင်လောင်းများ သတိထားနိုင်ရန် – ကိုယ်ဝန် ရက်သတ္တပတ် (၂၀)မှ (၂၃)ပတ်အတွင်း ရောက်လာရင်ဖြင့် သင့်ဇနီးဟာ ဗိုက်သိသိသာသာထွက်လာပြီမို့  ကိုယ်ဝန်ရင့်မာလာပြီလို့ ဆိုနိုင်ပါတယ်။ အလေးအပင်မတဲ့ အလုပ်တွေ လုပ်မိတဲ့အခါ ခါးနာခြင်း ၊ ခြေလက်ယောင်ကိုင်ခြင်းတွေကို ကိုယ်ဝန်ဆောင်သည်ဇနီး ကြုံနိုင်တဲ့အတွက် မိမိနေအိမ်တွင် ဇနီးမလုပ်ခင် ကိုယ်က လုပ်ပေးရပါမယ်။

ကိုယ်ဝန်ရင့်မာလာတဲ့ဇနီးရဲ့ ကျောနဲ့ပုခုံးတွေကို ညင်ညင်သာသာလေး နှိပ်ပေးရင်ဖြင့် သူမ ခါးနာတာ ၊ အကြောတက်တာတွေ သက်သာလာနိုင်ပြီး သူမအပေါ် မိမိရဲ့ဂရုစိုက်မှုကိုလည်း သူမခံစားပျော်ရွှင်ရမှာပါ။ ကိုယ်ဝန်ရင့်လာတဲ့ ဒီအချိန်ကစပြီး သူမ စိတ်သက်သာ ၊ ပျော်ရွှင်စေမယ့်စကားတွေကို ရွေးပြောပေးတာဟာ သူမအတွက် စိတ်ရောလူပါ အနားရစေတယ်။ ဒါဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။

ယခုအချိန်ကစပြီး ဖခင်လောင်းက မိခင်လောင်းကို တိုးလို့ကြင်နာပြီး ၊ မိခင်လောင်းကတော့ မိမိနဲ့ ဗိုက်ထဲက ကလေး ပျော်ရွှင်ကျန်းမာဖို့ အထူးဂရုစိုက် နေထိုင်စားသောက်ပေးရပါမယ်။

ကိုယ်ဝန်ရင့်လာတဲ့မိခင်လောင်းဟာ စိတ်ကြည်သာပျော်ရွှင်နိုင်မယ့် သီချင်းခပ်အေးအေးလေးတွေ နားထောင်ခြင်း ၊ ကလေးအတွက် ဗဟုသုတရစရာ စာအုပ်အထွေထွေ ကြိုဖတ်ခြင်း စသဖြင့်တို့ ပြုလုပ်ပေးသင့်ပါတယ်။ တစ်ယောက်တည်းရှိချိန်မှာ ကလေးလှုပ်တိုင်း ဗိုက်ထဲကကလေးနဲ့ စကားတွေများများပြောပေးပါ။ ဒါဟာ မိမိနဲ့ကလေးအကြား စတင်၍ ဆက်သွယ်ဖလှယ်ခြင်း ၊ နားလည်မှုတည်ဆောက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။

ရတု (Burmesehearts.com)

 

You might also like