Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်သည်များမှတ်သားဖွယ် – BurmeseHearts

ကိုယ်ဝန်ဆောင်သည်များမှတ်သားဖွယ်

0

ကိုယ်ဝန်ဆောင်သည်တို့ ခရီးသွားလာခြင်းမပြုမီ ဆရာဝန်နှင့် တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်သည်တို့ ခရီးသွားလာခြင်းမပြုမီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်သည်များ ခရီးသွားလာခြင်း

ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်နုစဉ်ကာလဖြစ်သည့် ပထမသုံးလတာ ကာလအတွင်း သန္ဓေသား ကောင်းမွန်စွာဖွံဖြိုးအောင် အေးအေးသက်သာ အနားယူသင့်ပြီး ခရီးကြမ်းသွားလာခြင်းကို ရှောင်ရှားသင့်သည်။

ကိုယ်ဝန်(၃၆)ပတ်အထိ ခရီးသွားလာနိုင်သည်ဟု ဆိုပေမယ့် မည်သည့်ခရီးမဆို သွားလာလိုပါက မိမိကိုယ်ဝန်အပ်နှံထားသော ဆရာဝန်နှင့် တိုင်ပင်ပြီး မိမိကျန်းမာရေးနှင့် ထိုခရီးသွားလာဖို့ သင့်မသင့် အကြံဥာဏ် ရယူပြီးမှသာ ကိုယ်ဝန်ဆောင်ကာလအတွင်း ခရီးဝေးသွားလာမှုကို ပြုသင့်သည်။

သို့မဟုတ်ပါက ကိုယ်ဝန်လျောကျခြင်း ၊ စောစီးစွာ ကလေးမွေးခြင်း ၊ ဆေးရုံ ၊ ဆေးခန်းနှင့်ဝေးသော လမ်းခရီးတွင် ကလေးမွေးဖွားခြင်းတို့အပြင် အခြားသော ကျန်းမာရေးအန္တရာယ်လည်း ကျရောက်နိုင်သည်။

လေကြောင်းခရီးဖြင့် ကိုယ်ဝန်ဆောင်သည်များ ခရီးသွားလာမည်ဆိုပါက ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ဆရာဝန်၏ ခရီးသွားလာခွင့် ခွင့်ပြုချက် ပြသနိုင်မှသာ လေကြောင်းဖြင့် ခရီးသွားလာနိုင်သည်ကို သတိချပ်သင့်သည်။

 

ကိုယ်ဝန်ဆောင်သည်နှင့် လိင်ခံစားမှု

ကိုယ်ဝန်ဆောင်သည်များ လိင်ခံစားရန်မသင့်ဟု မည်သည့် တတ်ကျွမ်းနားလည်သည့် ဆေးပညာရှင်များက ဖော်ပြရေးသားခြင်း မရှိပေ။ ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်သုံးလအထိ ကိုယ်ဝန်ဆောင်စဉ် ထွက်လာသော ဟော်မုန်းများကြောင့် လိင်စိတ်ကြွတတ်ကြောင်း သိရသည်။

မိဘနှစ်ဦးက မိမိတို့ကြောင့် ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်မည်စိုး၍သာ လူကြီးများ ခြိမ်ခြောက်ပြောဆိုထားခဲ့ခြင်း ၊ မိမိတို့၏ စိုးရိမ်မှုများကြောင့် ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံခြင်းအား ကြောက်လန့်စိုးရိမ်နေခြင်းဖြစ်သည်။

လိင်ခံစားမှုသည် သဘာဝလုပ်ငန်းဆောင်တာ တစ်ခုပင် ဖြစ်တာမို့ ကိုယ်ဝန်ဆောင်သည်များသည်လည်း လိင်ခံစားနိုင်ကြသည်။

သန္ဓေသားလျောကျနိုင်သည့် ပုံစံဆန်းနှင့် အတတ်ဆန်းမျိုး ထွင်မပြုဘဲ သမရိုးကျ လိင်ဆက်ဆံပါက ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း၌ လင်မယားအတူဆက်ဆံနိုင်ကြသည်။

အထူးသဖြင့် စောစီးစွာ မိန်းမကိုယ်မှ သွေးဆင်းခြင်း ၊ စောစီးစွာ ကလေးမွေးဖွားခြင်း ၊ အချင်းအောက်ကျနေခြင်း မဖြစ်စေရန် ကိုယ်ဝန်လရင့်လာလျှင် ရင့်လာသလို မိမိ၏ကိုယ်ဝန်ကို ထိခိုက်မှုမရှိစေသော ပုံစံမျိုးဖြင့် ဇနီးမောင်နှံနှစ်ဦး ဆက်ဆံသင့်ကြောင်း သိရသည်။

 

ကောင်းမွန်စွာ အိပ်စက်ခြင်း

ကိုယ်ဝန်ဆောင်သည်များသည် ညအခါတွင် အိပ်စက်ချိန် (၇)နာရီမှ (၉)နာရီကြာ ကောင်းမွန်စွာ အိပ်စက်သင့်သည်။

ယင်းသို့ အိပ်စက်ရာတွင် သင်နှင့် သင့်ကလေးအတွက် သွေးလှည့်ပတ်မှု ကောင်းစေသော အနေအထားဖြစ်သည့် မိမိကိုယ်ကို ဘယ်ဘက်သို့ စောင်းအိပ်ပေးခြင်းသည် ကိုယ်ဝန်ဆောင်သည်တို့ ဖြစ်တတ်သော ကိုယ်ဖောရောင်ခြင်းအား လျော့ကျစေကြောင်း သိရသည်။

ဖြစ်နိုင်လျှင် မိမိအိပ်စက် အနားယူသည့်အခါတိုင်း ခေါင်းအုန်းတို့ကို ဗိုက်အောက်နှင့် ခြေနှစ်ချောင်းအကြား ထား၍အိပ်ပါက ပိုမို၍ နေရထိုင်ရ သက်သာအဆင်ပြေစေကြောင်း သိရသည်။

 

လက်များကို မှန်မှန်ဆေးကြောကာ သန့်ရှင်းစေရန် သတိပြုပါ

အလွယ်ကူဆုံးနှင့် အများစုက လုပ်ရန်မေ့လျော့တတ်သော မကြာခဏ လက်ကိုဆေးကြောပေးခြင်းဟာလည်း ကိုယ်ဝန်ဆောင်သည်များ လုပ်ကိုလုပ်ပေးသင့်သည်။

အထူးသဖြင့် ရေအိမ်သွားပြီးချိန်တွင်သော်လည်းကောင်း ၊ သားငါးများ ကိုင်ပြီးလျှင်သော်လည်းကောင်း လက်များကို သန့်စင်အောင် ဂရုတစိုက် ဆေးကြောပေးသင့်သည်။

 

ဘယ်လိုအစားအစာများအား မှန်မှန်စားပေးသင့်သလဲ

ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် ရေစင်စင်ဆေးထားသော လတ်ဆတ်သည့် အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များအား တစ်နေ့လျှင် (၄)ကြိမ်မှ ခြောက်ကြိမ်အထိ စားပေးသင့်ကြောင်း သိရသည်။

အာလူး ၊ ထမင်း ၊ ပေါင်မုန့် နှင့် cereal တို့အား တစ်နေ့လျှင် လေးကြိမ်ခန့် ပုံမှန်စားသောက်ပေးသင့်သည်။

ကောင်းမွန်စွာ ချက်ပြုတ်ထားသည့် အသား ၊ ငါးများ ၊ ဥအမျိုးမျိုး နှင့် ပဲအမျိုးမျိုးတို့အား တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ စားသောက်ပေးသင့်သည်။

နို့နှင့် နို့ထွက်ပစ္စည်းများကိုမူ တစ်နေ့လျှင့် နှစ်ကြိမ်မှ သုံးကြိမ်အထိ စားသောက်ပေးနိုင်သည်။ နို့ထွက်ပစ္စည်းဟု ဆိုရာဝယ် အပြာရောင် ဒိန်ခဲ (Cheese) စားသုံးခြင်းကိုမူ ရှောင်ကြဉ်သင့်သည်။

Calcium နှင့် သံဓါတ်များများ ပါဝင်သော အစားအစာများဟာ ကိုယ်ဝန်ဆောင်သည်များအတွက် အထူးသင့်လျော်ပြီး ရေများများ သောက်သုံးကာ လတ်ဆတ်သော ဖျော်ရည်များကိုလည်း သောက်သုံးနိုင်သည်။

ရတု (Burmesehearts.com)

You might also like