Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်လောင်းများ၏ ကျန်းမာရေးဆိုင်ရာ အကြံပြုချက် – BurmeseHearts

မိခင်လောင်းများ၏ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်

0

မိခင်လောင်း၏ ကျန်းမာရေးသည် သန္ဓေသား၏ ကျန်းမာရေးလည်း ဖြစ်သည်။
မိခင်လောင်း၏ ကျန်းမာရေးသည် သန္ဓေသား၏ ကျန်းမာရေးလည်း ဖြစ်သည်။

မိမိသုံးစွဲ သောက်သုံးနေသော ဆေးဝါးများ ဆက်လက်သောက်သုံး သင့် ၊ မသင့်

ကိုယ်ဝန်မရှိခင်က ဘာဆေးဝါးမှ ပုံမှန်သောက်သုံးခြင်းမရှိသူများအဖို့ ထိုမေးခွန်း မေးရန်မလိုပေမယ့် ကိုယ်ဝန်မရှိခင် နဂိုမူလကတည်းက မိမိ၏ ကျန်းမာရေးအခြေအနေကြောင့် ဆေးဝါးများ ပုံမှန်သုံးစွဲနေရပါက ထိုမေးခွန်းသည် အရေးကြီးသော မေးခွန်းဖြစ်သည်။

မိမိသုံးစွဲနေရသော ဆေးဝါးများသည် ပြင်းထန်သည့်ဆေးဝါးများ (ကိုယ်ဝန်ဆောင်သည် သောက်သုံးဖို့ မသင့်သည့် ဆေးဝါးများ) ဖြစ်နေပါက မိမိ၏သန္ဓေသားအား ထိခိုက်တတ်သည်။

ကိုယ်ဝန်ရှိနေစဉ် မည်သည့်သောက်ဆေး ၊ ထိုးဆေး အမျိုးအစားပဲသုံးသုံး ဆရာဝန်အား မေးမြန်းတိုင်ပင်ပြီးမှ အသုံးပြုသင့်သည်။ မည်သည့်ဆေးဝါးမဆိုဟု ဆိုရာတွင် ဝမ်းနှုတ်ဆေး ၊ ချောင်းဆိုးပျောက်ဆေးမှသည် နာတာရှည် ရောဂါသည်သုံး ဆေးဝါးအထိ ပါဝင်သည်။ ထိုဆေးအမျိုးအစားများတွင် တိုင်းရင်းဆေး ၊ အင်္ဂလိပ်ဆေး စသည့် ဘယ်ဆေးအမျိုးအစားမဆို ပါဝင်သည်။

ပြင်းထန်သည့် ဆေးဝါးအာနိသင်က သန္ဓေသားနှင့် နုနယ်သည့်ကလေးများအား မထိခိုက်စေရန် ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များအတွက် သီးသန့်သုံးဆေးဝါးများ ဖော်စပ်ထားသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များသည် သန္ဓေသားနှင့် နုနယ်သည့်ကလေးများအား  မိမိသုံးစွဲသည့် ဆေးဝါးများကြောင့် မထိခိုက်စေရန် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်သည်။

 

မိမိ၏ကိုယ်ဝန်သည် အန္တရာယ်ကြီးမားသလား

အသက်(၃၅)နှစ်အထက်နှင့် အသက်(၁၅)နှစ်အောက် အမျိုးသမီးများ ကိုယ်ဝန်လွယ်ထားရပါက ထိုကိုယ်ဝန်သည် မိမိနှင့် ကလေးကျန်းမာရေးအတွက် အန္တရာယ်ကြီးမားသလားဟု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

သွေးတိုးရောဂါအခံရှိသူများ၊ နှလုံးရောဂါအခံရှိသူများ၊ ဆီးချိုရောဂါအခံရှိသူများ၊ ကင်ဆာရောဂါရှိသူများ၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါရှိသူများအပြင် အခြားရောဂါအခံရှိသူများ ၊ ကလေးလျောကျ ၊ ပျက်ကျလေ့ရှိသူများ ၊ ယခင်ကိုယ်ဝန်များ၌ ဖြစ်တတ်သည့် ကျန်းမာရေးအခက်အခဲ ရှိသူများအဖို့လည်း မိမိ၏ ကျန်းမာရေးအခြေအနေနှင့် မိမိလွယ်ထားသည့်ကိုယ်ဝန်ဟာ သင့် ၊ မသင့် ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးသင့်သည်။

သတိပြုရန်အချက်မှာ ရောဂါအခံရှိပါက လွယ်ထားသော ကိုယ်ဝန်ကြောင့် ဖြစ်ပွားတတ်သည့် အန္တရာယ်မှာ ပိုမိုကြီးမားသဖြင့် မိမိ၏ကျန်းမာရေးကို မိမိကိုယ်ဝန်အပ်သော ဆရာဝန်နှင့် ပထမအကြိမ် စစ်ဆေးစဉ်ကတည်းက ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးရန် သတိပြုသင့်သည်။

ရတု (Burmesehearts.com)

You might also like