Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သွေးတိုးခြင်း (သို့မဟုတ်)ဆီးထဲပရိုတင်း များနေတဲ့အခါ ဘာဖြစ်နိုင်သလဲ? – BurmeseHearts

သွေးတိုးခြင်း (သို့မဟုတ်)ဆီးထဲပရိုတင်း များနေတဲ့အခါ ဘာဖြစ်နိုင်သလဲ?

0

ကိုယ်ဝန် ရက်သတ္တပတ်နှစ်ဆယ်ကျော်သော ကိုယ်ဝန်ဆောင်သည် ဆယ်ဦးတွင် တစ်ဦးသည် ထိုလက္ခဏာမျိုးဖြစ်ပွားတတ်ကြောင်း သိရသည်။ ပထမဆုံး ကိုယ်ဝန်ဆောင်သည့် ကိုယ်ဝန်ဆောင်သည် ငါးဦးတွင် တစ်ဦးဟာ ထိုလက္ခဏာမျိုး ဖြစ်ပွားတတ်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်ကာ ရက်သတ္တပတ်(၃၇)ပတ်ကျော်သော ကိုယ်ဝန်ဆောင်သည်အများစုဟာ ထိုလက္ခဏာမျိုး ခံစားရတတ်ကြောင်း သိရသည်။

အထူးသဖြင့် ခေါင်းကိုက်ခြင်း ၊ မူးဝေခြင်း ၊ မအီမသာပျို့အန်ခြင်း၊ အမြင်ဝေဝါးကာ အမြင်နှစ်ထပ်ဖြစ်ခြင်း ၊ ယေဘူယျအားဖြင့် ဗိုက်အထက်ပိုင်း နာကျင်ကာ နေလို့ထိုင်လို့မကောင်းကြောင်း သိရသည်။

တချို့သော ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်ဆောင် ဒုတိယကာလအတွင်း၌သော်လည်းကောင်း ၊ မီးဖွားစဉ်နှင့် မီးဖွားပြီး (၄၈)နာရီအတွင်း တိုင်အောင် ထိုလက္ခဏာမျိုးကို ခံစားရတတ်ကြောင်း သိရသည်။

ဒါဟာ သွေးတိုးခြင်း တစ်ခုသာမဟုတ်ဘဲ ဆီးထဲတွင်ပါဝင်နေသည့် ပရိုတင်းပမာဏ များလွန်းပါကလည်း ထိုလက္ခဏာမျိုး ခံစားရတတ်ကြောင်း သိရသည်။ ထို့ကြောင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်သည်များအား ချိန်းဆိုထားသည့် အချိန်၌(အရပ်ခေါ် ဗိုက်ပြသည့်အချိန်၌) ဆီးစစ်ကာ ဆီးထဲတွင်ပါဝင်နေသည့် ပရိုတင်းပမာဏအား စစ်ဆေးခြင်းဖြစ်သည်။

ထိုလက္ခာအား အချိန်မီကောင်းမွန်စွာ မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားတတ်ကြောင်းနှင့် အချို့သောအဖြစ်များတွင် မိခင်ကော ၊ ကလေးကိုပါ ထိခိုက်တတ်ကြောင်းလည်း သိရသည်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( PregnancyKnowledge)

You might also like