Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိမိမှာ ကိုယ်ဝန်ရှိမရှိ နှင့် မီးဖွားမည့်ရက် တွက်ချက်ခြင်း – BurmeseHearts

မိမိမှာ ကိုယ်ဝန်ရှိမရှိ နှင့် မီးဖွားမည့်ရက် တွက်ချက်ခြင်း

0

အနီရောင် နှစ်လိုင်းပေါ်လျှင် ကိုယ်ဝန်ရှိနေပြီ။
အနီရောင် နှစ်လိုင်းပေါ်လျှင် ကိုယ်ဝန်ရှိနေပြီ။

၁။ တကယ်ပဲ မိမိမှာ ကိုယ်ဝန်ရှိသလား။

ရာသီပေါ်ပြီး နှစ်ပတ်အတွင်းဆီးစစ်ကိရိယာဖြင့် ကိုယ်ဝန်မရှိဘူးဟူသည့်အဖြေ(Negative) ရလင့်ကစား မိမိသွေးမှတဆင့် စစ်ဆေးပါက ကိုယ်ဝန်ရှိသည်ဟူသည့်အဖြေ (Positive)ပေါ်တတ်သည်။ ထို့ကြောင့် ဆရာဝန်များက ကိုယ်ဝန်ရှိ ၊ မရှိ သေချာစေရန် သွေးအဖြေ (hCG blood test))ဖြင့်လည်း စစ်ဆေးတတ်သည်။

၂။ ကလေးမွေးဖွားမည့် ခန့်မှန်းရက် (estimated due date)

မိမိကိုယ်ဝန်ရှိတာ သေချာပြီဆိုသည်နှင့် မိမိ ကလေးမွေးဖွားနိုင်သည့် ရက်အား ပထမအကြိမ် ကိုယ်ဝန်စမ်းသပ် စစ်ဆေးစဉ်ကတည်းက ဆရာဝန်ကို မေးသင့်သည်။ ပုံမှန်အားဖြင့် နောက်ဆုံးရာသီပေါ်သည့်ရက် (LMP-last menstrual period)မှ ရက်သတ္တပတ် (၄၀) အဖြစ် (estimated due date) ကို သတ်မှတ်သည်။ သို့ရာတွင် ကလေးသည် ရက်သတ္တပတ် (၃၈)ပတ်မှသည် ရက်သတ္တပတ် (၄၀)အတွင်းလည်း မွေးဖွားနိုင်သည်။

(estimated due date)ကို မြန်မြန်တွက်လိုပါက (LMP-last menstrual period)ကို (၇)ရက်ထည့်ပေါင်း ပြီးလျှင် ထိုရက်မှ နောက်တစ်နှစ်အတိကို တွက်ပြီး သုံးလနောက်ပြန်ဆုတ်လိုက်သည့်အခါ (estimated due date)ကို သိရှိနိုင်သည်။

ဥပမာ-မိမိနောက်ဆုံးရာသီပေါ်သည့် ပထမဆုံးရက်က ၁၂ရက်၊ စက်တင်ဘာ၊၂၀၁၃ဆိုလျှင် ၁၂ရက်၊ စက်တင်ဘာ ၂၀၁၄ မှသည် သုံးလ နောက်ပြန်တွက်ပါက ၁၂ရက် ၊ ဇွန်လ ၂၀၁၄ သည် မိမိကိုယ်ဝန် မွေးဖွားမည့် ခန့်မှန်းရက် (estimated due date) ဖြစ်သည်။

ရတု (Burmesehearts.com)

You might also like